ချစ်သူလေး ရီရီပွင့်ဖြူရဲ့ မွေးနေ့လေးမှာ တစ်နေ့လုံး ဘေးမှာရှိနေပေးပြီး အမှတ်ရစရာတွေဖန်တီးပေးနေတဲ့ မောင်ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/72/7208d7cd1c048af9a701a0ebbd9009771e3a7aea.jpg
အနုပညာရှင်များ

 ၀၅-ဒီ-၂၀၂၀ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်အချစ်တော် နန္ဒာလှိုင်ရဲ့မောင်လေးဖြစ်တဲ့ သရုပ်ဆောင်မောင်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာ မောင်က အနုပညာလောက ကနေ အနားယူခဲ့ပြီဖြစ်ပြီး မိသားစုစီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အချစ်ရေးနဲ့ပတ်သက်ရင်တော့ မောင်က ချစ်သူလေးရီရီပွင့်ဖြူနဲ့အတူ ပျော်ရွှင်စရာအချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။

Photo credit - Sein Phyo & Yi's Facebook Page 
Photo credit - Sein Phyo & Yi's Facebook Page 
Photo credit - Sein Phyo & Yi's Facebook Page 
Photo credit - Sein Phyo & Yi's Facebook Page 

မနေ့က ဒီဇင်ဘာလ ၄ရက်နေ့ကတော့ ချစ်သူလေး ရီရီပွင့်ဖြူရဲ့ မွေးနေ့ရက်မြတ်လေးပါ။ မွေးနေ့မှာ ချစ်သူ ခင်သူတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းတာဖြစ်ပြီး ယနေ့မှာလည်း မွေးနေ့အတွက် ပုစွန်အကောင်ကြီးတွေကို နှစ်​ယောက်အတူ ချက်ပြုတ်နေတဲ့ ဗီဒီယိုလေးတွေကို တင်ပေးလာပြန်ပါတယ်။ သမီးရည်းစားတွေဆိုပေမယ့် ပွင့်ပွင့်လင်းလင်းရှိတဲ့ ဆက်ဆံရေးလေးဖြစ်လို့ ကြည်နူးစရာကောင်းတာလည်း ဖြစ်ပါတယ်။

Photo credit - Sein Phyo & Yi's Facebook Page 
Photo credit - Sein Phyo & Yi's Facebook Page 
Photo credit - Sein Phyo & Yi's Facebook Page 
Photo credit - Sein Phyo & Yi's Facebook Page 

သူတို့နှစ်ယောက်ရဲ့ Personal Vlogလေးတွေကို ရိုက်ပြတင်ပေးလေ့ရှိတဲ့ "Sein Phyo & Yi" ဆိုတဲ့ ဖေ့ဘွတ်ပေ့လေးကနေ ဗီဒီယိုလေးတစ်ခုကို မျှဝေလာတာပါ။ " ဒီနေ့ကတော့ မမရီမွေးနေ့ဆိုတော့..မွေးနေ့ အမှတ်တရ လုပ်ဖြစ်တာလေးတွေကို ရိုက်ထားတဲ့..Birthday Vlog လေးပါ " ဆိုတဲ့ စာသားလေးနဲ့အတူ ပျော်ပျော်ပါးပါးရိုက်ကူးထားတဲ့ ဗီဒီယိုလေးဖြစ်တာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်... ။

Photo credit - Sein Phyo & Yi's Facebook Page 
Photo credit - Sein Phyo & Yi's Facebook Page 
Photo credit - Sein Phyo & Yi's Facebook Page 
Photo credit - Sein Phyo & Yi's Facebook Page 

သတင်း အရင်းအမြစ်Photo credit - Sein Phyo & Yi's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T