ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေထဲမှာ ဦးကျော်သူနဲ့ထွန်းကိုကိုကတော့ တကယ်ကို လေးစားချီးကျူးရသူပါပဲ..။
နာရေးတွေအတွက် ဖေးမကူညီမှုတွေပြုလုပ်နေသလို လှူဒါန်းမှုတွေနဲ့ ပရဟိတအလုပ်တွေ လုပ်ဆောင်နေတာမို့ ပရိသတ်တွေက တစ်ခဲနက်အားပေးချစ်ခင်နကြတာလည်း တွေ့ရပါတယ်နော်..။
အခုတစ်ခါမှာလည်း ထွန်းကိုကိုတစ်ယောက် နာရေးကူညီမှု(ရန်ကုန်) အသင်းသားတွေနဲ့အတူ ရန်ကုန်မြို့ရှိ ဆေးရုံကြီးများမှာ တက်ရောက်ကုသနေကြတဲ့ လူနာရှင်များအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်..။
ရာသီတုဥတဖြည်းဖြည်းအေးချမ်းလာတဲ့ ဆောင်းရာသီမှာ အနယ်နယ်အရပ်ရပ်က လာရောက်ပြီး ဆေးကုသနေကြတဲ့ လူနာရှင်များအတွက် စောင်နဲ့အနွေးထည်တွေ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။
လူနာများအား ပြုစုစောင့်ရှောက်ရသော မိသားစုများဟာ ဆေးရုံဝန်းအတွင်း အဆင်ပြေသလို နေထိုင်နေရတဲ့အတွက် စောင်၊ ခြင်ထောင်၊ အနွေးထည်များကို နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူရဲ့ လမ်းညွှန်မှုနဲ့ လှူဒါန်းခဲ့ကြတာပါ..။
မြောက်ဥက္ကလာပဆေးရုံ၊ ရန်ကင်း(ကလေးဆေးရုံ)၊ ဟယ်လ်ပင်(ကလေးဆေးရုံ)တို့ကို သွားရောက်ပြီး လက်ဆွဲအိတ်ဖြင့်ထည့်ထားတဲ့ စောင်(၁)ထည်၊ အနွေးထည်(၁)ပါ အထုပ်(၂၀၀)အား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများနဲ့အတူ ထွန်းကိုကိုနဲ့ စွမ်းထက်တို့က သွားရောက်လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ်နော်..။
သတင်း အရင်းအမြစ်៖ နာရေးကူညီအသင်း(ရန်ကုန်) Fb Page