ကြက်သားပလာတာစားချင်ကြောင်းပြောရင်း သားလေးကောင်းစံမေးတာတွေကို ဖြည်းဖြည်းချင်းစီဖြေပေးနေတဲ့ ဦးမိုးဒီရဲ့ဗီဒီယို

//s9.kh1.co/7b/7b0eabf86e8db71c51fe12b97e5c83ad48c5fc1d.jpg
အနုပညာရှင်များ

 ၀၅-ဒီ-၂၀၂၀ ၈pm · လွန်ခဲ့သော ၃ နှစ် က

ကြက်သားပလာတာစားချင်ကြောင်းပြောရင်း သားလေးကောင်းစံမေးတာတွေကို ဖြည်းဖြည်းချင်းစီဖြေပေးနေတဲ့ ဦးမိုးဒီရဲ့ဗီဒီယို

ဦးမိုးဒီကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိပြီး နှစ်အတော်ကြာအောင် အောင်မြင်လာခဲ့တဲ့ ဝါရင့်သရုပ်ဆောင်၊လူရွှင်တော်ကြီးပဲ ဖြစ်ပါတယ် ။ ဦးမိုးဒီရဲ့ဟာသပြက်လုံးတွေကလည်း ပရိသတ်တွေရဲ့စိတ်ကို ရယ်မောပျော်ရွှင်လာအောင် စွမ်းဆောင်နိုင်စွမ်းရှိတာ ဖြစ်ပါတယ် ။ ဦးမိုးဒီကို လူကြီးလူငယ်မရွေးအားပေးဝန်းရံကြတာကြောင့် သူ့အနေနဲ့ အခုချိန်အထိ အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-Wai Lu Kyaw's FB Page
Photo Credit-Wai Lu Kyaw's FB Page

လက်ရှိမှာတော့ ဦးမိုးဒီက Covid-19 ရောဂါပိုးကူးစက်ခံရတာကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ် ။ ဧရာဝတီစင်တာမှာ ဆေးကုသနေတဲ့ ဦးမိုးဒီကိုတော့ သားဖြစ်တဲ့ကောင်းစံက အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း ကောင်းစံက အဖေမိုးဒီရဲ့ကျန်းမာရေးအခြေအနေလေးကို ပရိသတ်တွေသိရှိနိုင်အောင်လို့ ဗီဒီယိုရိုက်ကာပြသလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc

ကောင်းစံက "ပရိသတ်ရဲ့ဆုတောင်းမှု၊ ဧရာဝတီစင်တာမှဆရာဝန်၊ဆရာမများ၊ Volunteers များရဲ့အားပေးကုသမှုကြောင့် အဖေ့ကျန်းမာရေး ကောင်းမွန်တိုးတက်လျှက်ရှိပါသည်ခင်ဗျာ့ အားလုံးကိုကျေးဇူးတင်ပါသည်။ " ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ဦးမိုးဒီကတော့ အနားယူရင်းနဲ့ ကောင်းစံမေးသမျှကို ဖြည်းဖြည်းချင်းစီ ကြိုးစားပမ်းစား ဖြေကြားပေးနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် Coivd 19 ရောဂါပိုးကြောင့် ဆေးကုသမှုခံယူနေရတဲ့ ဦးမိုးဒီရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-ကောင်းစံ လူရွှင်တော်'s FB Acc

Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc

သတင်း အရင်းအမြစ်

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T