အသင်းရဲ့ carry player "Dreamocel" ကိုဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ Boom Esports

//s9.kh1.co/1b/1b438035591ebcb74063f3f9293a5d058a4242e0.jpeg
အားကစားသတင်းများ

 ၀၆-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

Photo credit - liquipedia
Photo credit - liquipedia

Indonesia နိုင်ငံက dota 2 team တစ်ခုဖြစ်တဲ့ Boom Esports ကတော့ သူတို့ရဲ့ carry player " Dreamocel" ကိုဆုံးရှုံးခဲ့ရပြီပဲ ဖြစ်ပါတယ်။

Dreamocel ဟာလည်း Indonesia နိုင်ငံသားတစ်ဦးဖြစ်ပီး သူ့ရဲ့ dota 2 pro player life ကို Boom Esports နဲ့စတင်ခဲ့သူပဲ ဖြစ်ပါတယ်။

Dreamocel ဟာ Boom Esports မှာ 2017 ခုနှစ် 1 လပိုင်း 30 ရက်နေ့ထဲက စတင်ကစားလာခဲ့တာဖြစ်ပြီး လေးနှစ်နီးပါးလောက်အကြာ မနေ့က 2020 ခုနှစ် 12 လပိုင်း 5 ရက်နေ့မှာ ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။

Dreamocel မရှိတော့တဲ့ Boom Esports ရဲ့ ကျန်ရှိနေတဲ့ roster ကတော့

Po 1- TBD

Po 2- Mikoto

Po 3- Fbz

Po 4- Hyde

Po 5- Khezcute

တို့ပဲဖြစ်ပါတယ်။

Boom Esports အနေနဲ့လည်း Dreamocel ရဲ့နေရာမှာ အစားထိုးဖို့အတွက် carry player ကောင်းတစ်ယောက်ကို ပြန်လည်ခေါ်ယူဖို့ လိုအပ်နေပေမယ့် အခုထိတော့ ကြေညာတာမျိုး မရှိသေးပါဘူး။

ဒါ့အပြင် Boom Esports အနေနဲ့လည်း BTS Pro Series Season 4 SEA ကိုလည်းဝင်ရောက်ယှဥ်ပြိုင်ခြင်း မရှိဘူးဆိုတော့ အသင်းကို သေချာပြန်လည် ပြင်ဆင်သွားဖွယ်ရှိနေပါတယ်။

သတင်း အရင်းအမြစ်Boom Esports twitter

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T