BTS Pro Series အတွက် Febby ကို stand-in အနေနဲ့ ထည့်ကစားသွားမယ့် TNC Predator

//s9.kh1.co/6b/6b1ee51e68c8fb08438d1dd2efb1824e5b3c1b88.jpg
အားကစားသတင်းများ

 ၀၇-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

photo credit -TNC Predator Dota 2 facebook page
photo credit -TNC Predator Dota 2 facebook page

Sea region က tier 1 dota 2 အသင်းတစ်ခုဖြစ်တဲ့ TNC Predator ကတော့ BTS Pro Series Season 4 Sea ပြိုင်ပွဲဝင်ပြိုင်မယ့် roster ကိုကြေညာခဲ့ပါတယ်။

BTS Pro Series Season 4 SEA ဝင်ရောက်ယှဉ်ပြိုင်မယ့် TNC Predator ရဲ့ roster ကတော့

Po 1 – Gabbi

Po 2- Armel

Po 3 – Kpii

Po 4 – Tims

Po 5 – Febby ( coach)

တို့ပဲဖြစ်ပါတယ်။

TNC အနေနဲ့ အသင်းရဲ့ po 5 player ဖြစ်သူ March ထွက်သွားပြီးထဲက po 5 player တစ်ယောက်အစားထိုးဖို့လိုအပ်နေတာဖြစ်ပြီး အခုထက်ထိတော့ အစားထိုးခြင်းမရှိသေးပါဘူး ။

ပြီးခဲ့တဲ့ Dota Summit 13 SEA တုန်းကတော့ whitemoon ကို stand-in ခေါ်ကစားခဲ့ပြီး အခု BTS Pro Series Season 4 မှာလည်း အသင်းရဲ့ coach ဖြစ်သူ Febby က stand-in ဝင်ကစားပေးမှာပဲဖြစ်ပါတယ်။

TNC အနေနဲ့ Febby နဲ့အတူ ဒီပြိုင်ပွဲမှာ ဘယ်လို performance တွေပြသသွားမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

သတင်း အရင်းအမြစ်TNC Predator Dota 2 facebook page

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T