မိန်းကလေးတစ်ယောက်အနေနဲ့ စတင်ပြီး ချစ်ကြောင်း ဖွင့်မပြောရသင့်တဲ့ အချက်များ

//s9.kh1.co/28/28ecb621e1e4e616e7ecc98e2e0731d1c157f8ac.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုရီးယားကားကနေစတဲ့ ယဉ်ကျေးမှုလို့ပဲပြောရမလား၊ အရင်က ယောကျာ်းလေးတွေသာ နည်းမျိုးစုံနဲ့စပြီး ကိုယ်ချစ်တဲ့မိန်းကလေးကို ချစ်ခွင့်ပန်နေကြတဲ့အချိန် အခုတော့ မိန်းကလေးတွေကပါ သတ္တိရှိရှိဖွင့်ပြောလာတတ်ကြပါပြီ။ ဒီလို မိန်းကလေးဘက်က စပြီးပြောတဲ့ အခြေအနေကို နားလည်ပေးတဲ့သူရှိသလို လက်မခံတဲ့သူတွေလဲရှိပါတယ်။ ဒီမှာတော့ မိန်းကလေးဘက်က ဖွင့်မပြောသင့်တဲ့ အကြောင်းအရင်းတွေကို တင်ပြထားပါတယ်။

https://s9.kh1.co/__image/w=364,h=182,q=100/3d/3d03d0ddec3813ab2b08c94f99475525db4fb863.jpg

၁။ ကိုယ့်ဘက်ကပြောပြီး သူကလက်မခံတဲ့အချိန်

မိန်းကလေးတစ်ယောက်အနေနဲ့ အရဲစွန့်ပြီး ကိုယ့်ခံစားချက်ကို ရတာ မလွယ်တဲ့ကိစ္စပါ။ ဖွင့်ပြောလိုက်တဲ့အခါ သူကိုယ့်အပေါ်အမြင်ပြောင်းသွားနိုင်သလို၊ ကိုယ့်ကိုလက်ခံပေးချင်မှလဲ လက်ခံပေးမှာပါ။

https://s9.kh1.co/__image/w=364,h=243,q=100/2e/2eef3b109dbb4c907e1b0c0be1d937b54c3a1b6d.jpg

၂။ မာနကိုထိခိုက်တာ

မိန်းမမှာလဲ မိန်းမမာနဆိုတာရှိပါတယ်။ ဒီလိုဖွင့်ပြောရတဲ့အခြေအနေမျိုးမှာ သူ့ဘက်ကနေ အလေးမထားပေးတာ၊ ငြင်းဆန်တဲ့အခါကျရင် ကိုယ့်ဘက်ကနေ မာနကိုထိခိုက်ပြီး ယုံကြည်မှုတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=364,h=182,q=100/d8/d88e4e16a8eedb7fb955612cb5bd6188240dd319.jpg

၃။ သူ့ကိုဖိအားပေးမိသလိုဖြစ်တာ

ကိုယ့်ဘက်ကနေ အားတင်းပြီး ဖွင့်ပြောရတဲ့အခြေအနေကို သူလဲသိသင့်သလောက်သိထားမှာပါ။ သေချာတာကတော့ သင်ပြောလိုက်လို့ သူ့အပေါ်ဖိအားကျလာပြီး အရင်လို ဆက်ဆံရေးမျိုးပြန်ရချင်မှ ရတော့မှာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/e4/e49132c24b594abd775592086a67b7c7b0c2c672.jpg

၄။ သူ့မာနကို ထိခိုက်သလိုဖြစ်နိုင်တာ

အချစ်ရေးတွေမှာ ယောကျာ်းလေးတွေက ဦးဆောင်ပြီး သူတို့ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကိုပဲ ပြလေ့ရှိပါတယ်။ မိန်းကလေးအနေနဲ့ အဲလိုသာလာပြောခဲ့မယ်ဆိုရင် သူအသုံးမကျလို့၊ ပျော့နေလို့ ကိုယ့်ဘက်ကစပြီး ဖွင့်ပြောရတာမျိုး သဘောသက်ရောက်သွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=364,h=182,q=100/bd/bd2337058982df2532efe98e132b4438835e7dd4.jpg

၅။ တွဲဖြစ်တဲ့အခါ ကိုယ့်ဘက်က လျှော့ပေးနေရမှာ

ဒါကတော့ အသိသာကြီးပါ။ နင့်ကိုငါချစ်တယ်ဆိုပြီး မိန်းကလေးဘက်က ဖွင့်ပြောပြီး ယောကျာ်းလေးဘက်ကလက်ခံခဲ့တဲ့ ဆက်ဆံရေးမျိုးမှာ များသောအားဖြင့် မိန်းကလေးတွေကပဲ အလျှော့ပေးရပါတယ်။ ကိုယ်တကယ်ချစ်လို့ အလျှော့ပေးချင်တယ်ဆိုလဲ သာယာတဲ့အချစ်ရေးတစ်ခု ပိုင်ဆိုင်နိုင်မှာတော့မဟုတ်ပါဘူး၊

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T