အချစ်ရေးတစ်ခုမှာ အတည်တွဲနေတာလား အပျော်တွဲနေတာလားဆိုတာ သိရှိနိုင်တဲ့ အချက်များ

//s9.kh1.co/d5/d5dd81670bbd1bf940cd72ce490d642f8562d8dd.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အချစ်‌ေရးဆိုတာ ချစ်သူတွေကြားမှာ အရေးကြီးတဲ့အရာတွေထဲကတစ်ခုပါ။ ဒါကြောင့် သင့်အနေနဲ့ လက်တွဲဖော်အပေါ်သံသယတွေဝင်နေမိပါသလား။ ဒါဆိုရင်တော့ ဒီအချက်လေးတွေဖတ်ပြီး ပြန်လည်ဆန်းစစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=364,h=300,q=100/fa/fac73bb56e858f0caec274fc5540035a8966714d.jpg

၁။ စာအများဆုံး ဘယ်သူပို့လဲ

စာပို့တာက လက်ရှိဆက်ဆံရေးအပေါ် အရေးပါလို့လားမေးရင် ပါတယ်လို့ပဲ ပြန်ဖြေရပါမယ်။ ဘာကြောင့်လဲဆိုတော့ သင်နဲ့မတွေ့ရတဲ့အချိန် သူ့စိတ်က သင့်အပေါ်ရှိနေတယ်ဆိုတာကို ပြတဲ့အတွက်ကြောင့်ပါ။ သတိတရနဲ့ စာပို့နေတတ်မယ်၊ သင့်ကိုဂရုစိုက်နေပေးတတ်မယ်ဆိုရင်တော့ အပျော်သဘောသာမဟုတ်မှန်း သိသာပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e1/e17d0ca20c9f7eb8d3016444ef572e23c8b1e5a3.jpg

၂။ အထိအတွေ့ထက် ခံစားချက်ကို ဦးစားပေးတာ

အထိအတွေ့က ဆက်ဆံရေးတစ်ခုမှာ အရေးကြီးပေမယ့် တစ်ကယ်ချစ်တဲ့သူကတော့ သင့်ကိုဖက်တာ၊ နမ်းတာထက်ပိုပြီး သင်နဲ့စကားပြောရတာ၊ သင့်ကို ပျော်အောင်လုပ်ပေးနေရတာကို ပိုပြီးနှစ်သက်မှာပါ။

https://s9.kh1.co/__image/w=364,h=243,q=100/4b/4b4ce9ecafef93afdac5a7a67f01924f4252ff7d.jpg

၃။ ဘယ်သူက အစီအစဉ်ပိုဆွဲလဲ

အပျော်မဟုတ်ဘဲ အတည်တွဲတာဆိုရင် သူ့ဘက်ကနေ သင်နဲ့တွေ့ဖို့၊ သင့်ကိုအချိန်ပေးနိုင်ဖို့ အစီအစဉ်ကောင်းကောင်းလေးတွေ အမြဲဆွဲနေမှာပါ။ အဲလိုမဟုတ်ဘဲ သင့်ဘက်ကသာ တွေ့ဖို့ ကြိုးစားနေရမယ်ဆို သင်တို့ရဲ့ ဆက်ဆံရေးကို ပြန်လည်စဉ်းစားနေသင့်ပါပြီ။

https://s9.kh1.co/__image/w=650,h=367,q=100/55/55d80336a93401c55216cef681999e8cc0601216.jpg

၄။ အတူစကားပြောရင် ဘာအကြောင်းပြောလဲ

သင့်ကိုတကယ်မြတ်နိုးတဲ့သူဟာ သင့်အကြောင်းကိုပိုသိရဖို့၊ သင်နဲ့ရှေ့ဆက်လျှောက် ဘယ်လိုတွေလကိတွဲသွားကြမယ်၊ ရှေ့လျှောက် သူ့ရဲ့ ကိုယ့်ရဲ့ အနာဂတ်အစီအစဉ်တွေကိုသာ ပိုပြီးပြောဖြစ်နေကြမှာပါ။

https://s9.kh1.co/__image/w=364,h=182,q=100/07/07cd7943970ba9d8e9fbb8f410252d93f066c3b5.jpg

၅။ သင်ဘယ်လိုခံစားရလဲ

ဒါအရေးကြီးဆုံးပာ။ သူ့အပေါ် သင်မြင်တဲ့အမြင်ကသာလျှင် သူနဲ့ဆက်ဆံရေးကို သတ်မှတ်ပေးနိုင်တာပါ။ မိန်းကလေးတစ်ယောက်ရဲ့ မသိစိတ်တိုင်းမှာ ကိုယ့်ရဲ့လက်တွဲဖော်အပေါ်ကိာ မသိမသာဝေဖန်နေတတ်ကြပါတယ်။ အခုတစ်ခါမှာတော့ ကိုယ့်ကိုကိုယ်အသိပေးပြီး ဘာ်လိုမြင်လဲ ဆန်းစစ်ကြည့်သင့်နေပါပြီ။

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T