Crystallis နဲ့ Fishman တို့ကို ဆုံးရှုံးလိုက်ရပြန်တဲ့ Dendi ကြီးရဲ့အသင်း B8

//s9.kh1.co/78/783019f4b7383d4469227ba511d4dbda9cd9c274.jpg
အားကစားသတင်းများ

 ၀၉-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၃ နှစ် က

.

Photo credit - B8 twitter
Photo credit - B8 twitter

စဖွဲဲ့ပြီးထဲက roster မတည်ငြိမ်မှုတွေ ခနခနဖြစ်နေတဲ့ Dendi ကြီးဖွဲ့စည်းထားတဲ့ dota 2 team B8 ကတော့ players တွေကို ထပ်မံဆုံးရှုံးခဲ့ရပြန်ပါပြီ။

B8 ဆုံးရှုံးခဲ့ရတာကတော့ အသင်းရဲ့ carry player ဖြစ်သူ Crystallis နဲ့ po 5 player ဖြစ်သူ Fishman တို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျန်ရှိနေတဲ့ B8 ရဲ့ roster ကတော့

Po 2- Dendi

Po 3- LastHero

Po 4- 5up တို့ပဲ ဖြစ်ပါတယ်။

Dendi ကြီးအနေနဲ့လည်း သူဖွဲ့စည်းထားတဲ့ အသင်းသစ်မှာ လူငယ်လေးတွေခေါ်ပြီး ဆော့ကစားဖို့ကြိုးစားနေပေမယ့်လည်း အခုထက်ထိတော့ အဆက်မပြေသေးပါဘူး။

အသင်းဖွဲ့စည်းထားတာ 1 နှစ်နီးပါးလောက်ရှိပြီဆိုပေမယ့်လည်း သူ့ရဲ့အသင်း B8 နဲ့အတူ လက်ရှိအချိန်ထိ အောင်မြင်မှုဆိုတာမျိုး တခါမှမရှိသေးပါဘူး။

အားလုံးက လက်ကျနေပြီ mid မဆော့သင့်တော့ဘူးလို့ ဝေဖန်ပြောဆိုကြပေမယ့်လည်း Dendi ကြီးကတော့ သူချစ်မြတ်နိုးတဲ့ mid role နေရာကို စွန့်လွှတ်မှာမဟုတ်သေးပါဘူး။

Dendi ကြီးအနေနဲ့ အသင်းကနေထွက်ခွာသွားတဲ့ players နှစ်ယောက်နေရာမှာ ဘယ်သူတွေကို ခေါ်ယူအစားထိုးသွားမလဲကတော့ စောင့်ကြည့်သွားရမှာပါပဲ။

သတင်း အရင်းအမြစ်B8 Twitter

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T