လက်စွာနေတဲ့ Vitus.pro က mid player လေး Gpk ရဲ့အကြောင်း

//s9.kh1.co/c2/c2385bdca84d3c6eb9eff2d0ae465c8c60638da1.jpg
အားကစားသတင်းများ

 ၁၁-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

photo credit - liquipedia
photo credit - liquipedia

လက်ရှိ Virtus.pro dota 2 အသင်းရဲ့ Mid player gpk ရဲ့ နာမည်အရင်းကတော့ Dani Skutin ဖြစ်ပြီး သူဟာ Russia နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 2001 ခုနှစ် 8 လပိုင်း 23 ရက်နေ့ဖြစ်တာကြောင့် gpk ဟာ အခုမှ အသက် 19 နှစ်အရွယ်သာရှိသေးတာပဲဖြစ်ပါတယ်။

Dota 2 pro secne ပေါ်ရောက်လာတာကတော့ 2018 ခုနှစ် 5 လပိုင်းလောက်ကဖြစ်ပြီး Marlerino eSports အသင်းမှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

၎င်းအသင်းမှာတော့ gpk ဟာ 2018 ခုနှစ် 5 လပိုင်း 31 ရက်နေ့ကနေ 2019 ခုနှစ် 3 လပိုင်း 21 ရက်နေ့အထိ ကစားခဲ့ပြီးနောက် Vega Squadron အငှားအနေနဲ့သွားရောက်ကစားခဲ့ပါတယ်။

Vega Squadron မှာတော့ gpk ဟာ ခနသာသွားရောက်ကစားပေးခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ Marlerino eSports ကိုပြန်ရောက်လာခဲ့ပါတယ်။

2019 ခုနှစ် 8 လပိုင်း 22 ရက်နေ့မှာတော့ gpk ဟာ Marlerino eSports နဲ့ တရားဝင်လမ်းခွဲခဲ့ပြီးနောက် Gambit Esports ကိုပြောင်းရွှေ့လာခဲ့ပါတယ်။

Gambit Esports မှာတော့ Gpk ဟာတစ်နှစ်နီးပါးလောက်ကစားခဲ့ပြီး 2020 ခုနှစ် 11 လပိုင်း 1 ရက်နေ့မှာ Gabmit Esports ကနေ တရားဝင်ထွက်ခွာပြီး Vp.Prodigy ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Vp.Pordigy ကိုမရောက်မီ Gambit ရဲ့ inactive player နေရာမှာရှိနေတုန်းက Gpk ဟာ Evil Geniuses ကိုလည်း အငှားခနသွားကစားပေးခဲ့ပြီး 11K MMR ကိုလည်းရောက်ရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

Vp.Prodigy ကိုအရောက်မှာလည်း Gpk ဟာ 11k MMR player ပီပီလက်စွမ်းတွေပြခဲ့ပြီး Virtus.pro ကသူတို့ရဲ့ main dota 2 အသင်းနဲ့လမ်းခွဲလိုက်တဲ့အချိန်မှာတော့ Gpk နဲ့အတူ Vp.Prodigy တစ်သင်းလုံးဟာ Virtus.pro ရဲ့ main dota 2 အသင်းနေရာကို 2020 ခုနှစ် 11 လပိုင်း 5 ရက်နေ့မှာရောက်ရှိလာခဲ့ပါတယ်။

ဒါ့ကြောင့် Gpk ဟာလက်ရှိမှာလည်း သူ့ရဲ့အသင်း Virtus.pro နဲ့အတူ EPIC League ကိုဝင်ရောက်ယှဉ်ပြိုင်နေပြီး အုပ်စုပထမနဲ့ playoffs အဆင့်ကိုရောက်ရှိခဲ့ပြီး လက်ရှိမှာ Upper Bracket Finals ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။

Gpk အနေနဲ့ သူ့နဲ့အသင်း Virtus.pro နဲ့အတူ EPIC League Division 1 ရဲ့ Champion ဆုကိုရယူနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Gpk ရဲ့ singnatue hero သုံးကောင်ကတော့ Ember Spirit , Templar Assian နဲ့ Strom Spirit တို့ဖြစ်ပြီး သူရရှိထားတဲ့ total earnings ကတော့ $64,521 USD ရှိနေပြီပဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Liquipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T