ဝိုင်းစုခိုင်သိန်းရဲ့ “ဂါ” ဆိုတဲ့ စီးရီးသစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထွက်ရှိပြီးနောက်ပိုင်း တစ်ကိုယ်တော်ရှိုးပွဲလဲ ပြုလုက်သွားဦးမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီ “ဂါ” ဆိုတဲ့ Title Song ကိုတော့ Snare အဖွဲ့က ရေးစပ်ပေးတာ ဖြစ်ပြီး လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဘန်းစကားရပ် တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ယောက် နဲ့ တစ်ယောက် ရိုသေ လေးစားမှုပြတဲ့ အခါတွေမှာ “ဂါ” တယ်လို့ သုံးသလို အလုပ်တွေ တအား များပြီး အာရုံနောက်နေတဲ့ အပေါ်ကို လည်း “ဂါ” လို့ သုံးပါတယ်။

" ၂ လပိုင်းမှာလည်း One Lady Show လုပ်ဖို့ စီစဉ်နေတယ်။ အဲဒါကြောင့် ဒီကြားထဲမှာ ဇာတ်ကား ရိုက်ကူးမှုတွေ မလုပ် ဖြစ်သေးဘူး။ One Lady Show အတွက် လောလောဆယ် သီချင်းတွေ ရွေးရဦးမယ်။ ရက် အတိအကျရွေးပြီး အားလုံးသေချာ တယ်ဆိုမှ လုပ်မယ်။ One Lady Show ကို အမြဲတမ်း လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်” လို့ ပြော ပါ တယ်။ ဒီနှစ်ထဲမှာ စီးပွားရေး တစ်ခု လုပ်ဖို့ စီစဉ်ထားပေမယ့် လည်း တစ်ကိုယ်တော် အခွေ၊ One Lady Show လုပ်ဖို့ရှိ သေးတဲ့ အတွက်ကြောင့် အခု လောလောဆယ်မှာ မလုပ်ဖြစ်သေး ကြောင်း ဝိုင်းစုခိုင်သိန်း က ပြောကြားခဲ့ပါတယ်။

နယ်တွေမှာလည်း သီချင်းသွားဆိုဖြစ်နေတဲ့ ဝိုင်းစုခိုင်သိန်းကနယ် ကပရိသတ်တွေလည်း အများအပြား အားပေးကြကြောင်း ပြောကြားခဲ့ပါတယ်။ “နယ်က ပရိသတ်တွေ တအား အားပေးကြပါတယ်။ ဝိုင်းစုက နယ်ရှိုးတွေ ကို ရွေးတာတော့ သိပ်မရှိပါဘူး။ သွားဆိုဖြစ် ပါတယ်။ နယ်က ပရိသတ်တွေ နဲ့လည်း အဆင်ပြေပါတယ်။ သွားခဲ့ရတဲ့ပွဲတွေ အားလုံး ပရိသတ်တွေက တအား အားပေးကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ၀ိုင်းစုရဲ့ ပရိသတ်တွေကတော့ ထပ်မံပြုလုပ်မယ့် တစ်ကိုယ်တော်ရှိုးပွဲကို မျှော်လင့်စောင်းဆိုင်းနေတယ်လို့ သိရပါတယ်။

Source : popular

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။