လူတစ်ယောက်ပုံမှန်အားဖြင့် မိုးကြိုးတစ်ခါအပစ်ခံရတာနဲ့ကို တန်းသေပါတယ်။ ဒါပေမဲ့ ဒီလူကတော့ တစ်ချက်မကပါဘူး ၇ချက်တောင် မတူညီတဲ့နေရာတွေမှာ အပစ်ခံခဲ့ရပေမဲ့ မသေတဲ့အပြင် နာမည်ပါကြီးလာခဲ့ပါတယ်။ သူဟာကမ္ဘာတစ်ဝန်း ထူးခြားဖြစ်စဉ် စစာရင်းမှာလဲ ပါဝင်ခဲ့ပါတယ်။သူနာမည်ကတော့ Roy Sullivan ပဲဖြစ်ပြီး 1912, Shenandoah Valley မှာရှိတဲ့ မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ September 28, 1983(အသက် ၇၁နှစ်) မှာတော့ သူဟာသူကိုသူ သေနတ်နဲ့ ခေါင်းကိုပစ်ပြီး သတ်သေခဲ့ပါတယ်။
ပထမအကြိမ် မိုးကြိုးအပစ်ခံရတဲ့အချိန်က April 1942 မှာ သူဟာ သူဟာမိုးကြိုးမုန်တိုင်ကနေ ရှောင်ရန် မီးပြတိုက်ထဲမှာ သွားပုန်းနေခဲ့ပါတယ်။ ထူးထူးဆန်ဆန် မီးပြတိုက်ဟာ ၇ချက် ၈ချက်လောက် မိုးကြိုးအပစ်ခံရတာကြောင့် အထဲမှာ မီးလောင်သဖြင့် သူလည်အပြင်သို့ ပြေးထွက်လာကာ ခဏအကြာမှာပင် မိုးကြိုးပစ်ချင်းကိုခံရပါတယ်။အဲ့ချိန်မှာ သူရဲ့ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း အချို့မီးလောင်ခဲ့ပြီး အသက်မဆုံးရှုံးခဲ့ပါဘူး။ဒုတိယအကြိမ် အပစ်ခံရတဲ့ချိန်ကတော့ July 1969 မှာပဲဖြစ်ပါတယ်။
အဲ့နေမှာ သူမောင်းလာတဲ့ကားက သစ်ပင်နဲ့ဝင်တိုက်ခဲ့ကာ အဲ့ချိန်မှာ မိုးကြိုးဟာအနီးနားကသစ်ပင်ကိုပစ်လိုက်ပြီးထိသွားပေမဲ့ တစ်စုံတစ်ခုကြောင့် လမ်းကြောင်းလွဲကာ သူရဲ့ဖွင့်ထားတဲ့ကားမှန်ပြတင်းပေါက်ကနေ ဝင်လာပြီး အပစ်ခံခဲ့ရကာ မျက်စိအင်္ဂါတစ်ချိူ့မီးလောင်ခဲ့ပါတယ်။တတိယအကြိမ် ကတော့ 1970 မှာ သူဟာ သစ်ပင်တစ်ပင်ရှေ့မှာ မတ်တပ်ရပ်နေကာ မိုးကြိုးဟာ အနီးအနားက power transformer ကိုပစ်ခဲ့ပြီး အဲ့ကနေ ၃ချက်လောက်ခုန်ကာ သူရဲ့ဘယ်ဘက်ပုခုံးကိုလာမှန်ခဲ့ပါတယ်။ 1972 မှာ ပန်ခြံမှာတာဝန်ကျနေစဉ် ၄ကြိမ်မြောက် အပစ်ခံရကာ သူဆံပင်တွေလောင်ကျွမ်းကုန်ပါတယ်။
August 7, 1973 မှာ ၅ကြိမ်မြောက် ထပ်အပစ်ခံရကာ တစ်ကိုယ်လုံး နီးပါ လောင်ကျွမ်းခဲ့ပါတယ်။ June 5, 1976 မှာတော့ ၆ကြိမ်မြောက်အပစ်ခံရတာဖြစ်ပြီး June 25, 1977မှာ ၇ကြိမ်မြောက်အပစ်ခံရကာ ကိုယ်တွင်းအင်္ဂါအချို့ မီးလောင်ကျွမ်းခဲ့ပါတယ်။ သူရဲ့ဇနီးဖြစ်သူလဲ တစ်ခါအပစ်ခံခဲ့ဖူးပါတယ်။ သူဟာ September 28, 1983 မနက်မှာ သေဆုံးခဲ့ပြီး အကြောင်းကတော့ တစ်ဖက်သတ် အချစ်အတွက် သူကိုယ်သူ သေနတ်နဲ့ပစ်သေခဲ့ပါတယ်။ ဒါပေမဲ့ ဘေးနားမှာအိပ်နေတဲ့ သူရဲ့မိန်းမဟာ နာရီအည်းငယ်လောက်မသိခဲ့ပါဘူး။ သူမိန်းမက သူ့ထက် အနှစ် ၃၀ ငယ်ပါတယ်။ဘယ်ဘဝ ဝဋ်ကြွေးကြောင့် ၇ ကြိမ်လောက် မိုးကြိုးအပစ်ခံရလဲမသိပါဘူးဗျာ..။
သတင်း အရင်းအမြစ်៖ Cracked