ကမ္ဘာပေါ်က တိရစ္ဆာန်တွေဟာ အမြဲတမ်းလိုလိုထူးခြားမှုလေးတွေရှိနေတတ်ပါတယ်။ ထူးခြားချက်တွေကတော့ ပြောမပြနိုင်အောင်ပဲ ထူးဆန်းလွန်လှပါတယ်။ ငှက်က ပင့်ကူးကိုစားတာတို့ လည်ပင်းအစ်နေတဲ့ ဖွတ်တို့ စသဖြင့် ထိုကိစ္စတွေဟာ ထူးဆန်တဲ့ကိစ္စတွေပဲဖြစ်ပါတယ်။ ထို့အပြင် တခြားကိစ္စပေါင်းများစွာလဲရှိပါတယ်......လူတွေအဖြေရှာမရတဲ့ တိရစ္ဆာန်တွေနဲ့ပတ်သတ်တဲ့ ကိစ္စတွေလဲရှိပါသေးတယ်။ Australia ကအမြဲအဲ့လို ထူးခြားတာတွေနဲ့ပြည်နှက်နေပြီး ခုဆိုရင်လဲကြွက်တွေနဲ့ပတ်သတ်လို့ဖြစ်ပေါ်လာပြန်ပါပြီ။
၁၇၇၈ခုနှစ် Australia ပထမကိုလိုနီတုန်းက သူတို့ဟာ ရောဂါကပ်ဘေးတစ်ခုကို ယူဆောင်လာခဲ့မိပါတယ်။ ဒါပေမဲ့သူတို့ယူဆောင်လာခဲ့တဲ့ကပ်ဘေးက ဝမ်းကိုက်ရောဂါတို့ ငမ်းဖျားရောဂါတို့မဟုတ်ပဲ ကြွက်တွေပဲဖြစ်ပါတယ်။ သူတို့တွေက အသားစားသတ္တဝါတွေဆိုတော့ လူသေကောင်တွေနား ရောက်ရှိလာခြင်းပဲဖြစ်ကာ လယ်ကွင်းတွေထဲမှာ ခိုလှုံနေခဲ့ပြီး....ရာသီတစ်ခုမှာ ကြွက်အတွဲတွေဟာ ကလေးအကောင် ၅၀၀ ကိုမွေးထုတ်နိုင်ပါတယ်။ အဲ့လိုအမြင်ကပ်စရာ ဘာကောင်းကျိုးမှပေးတဲ့ ကြွက်တွေဟာ ၄နှစ်တစ်ခါလိုလို လယ်ကွင်းထဲက ထွက်ထွက်လာပြီး သူတို့လမ်းမှာ မြင်သမျှကို သွားနဲ့ကိုက်နေတာ စိတ်ပျက်စရာပါပဲ။
သူတို့တွေဟာဝက်တွေနဲ့ တခြားခြံမြွေးတိရစ္ဆာန်တွေကိုပါ စားဖို့ကြိုးစားခဲ့ပါသေးတယ်။ အဲ့ကြွက်တွေဟာ ၁၉၉၃ခုနှစ်ကစပြီး အမြဲတမ်း ၄နှစ်တိုင်လိုလို ထွက်ထွက်လာပြီး အခုလိုမျိုးတွေ့ရာ လိုက်စားလိုက်ဖျက်စီးကြပါတယ်.....လယ်ထွန်းစက်တွေ ကားတေွအပါအဝင်ပါပဲ.....တော်တော်ဆိုးဆိုးပါ.....သူတို့တွေ သေဆုံးတဲ့အချိန်မှာတော့ ဖျက်စီးသွားတဲ့တန်ဖိုးဟာ ဒေါ်လာ ၉၆သန်းရှိပါတယ်။ ဒါတောင်လယ်သမားတွေရဲ့ ပျက်စီးမှုတွေနဲ့ တခြားကိစ္စတော်တော်များများက ကျတဲ့ ပိုက်ဆံတန်ဖိုးကို ထည့်မတွက်ထားသေးပါဘူး။
သတင်း အရင်းအမြစ်៖ Cracked