ကမ္ဘာပေါ်မှာအဆိပ်ရှိတဲ့ တိရစ္ဆာန်တွေများစွာရှိပါတယ်....အများကြီးပါပဲ။ အဲ့လိုအဆိပ်ရှိတဲံ့ တိရစ္ဆာန်တွေထဲမှာမှ ခြေမပါလက်မပါတဲ့ တွားသွားသတ္တဝါ မြွေဟာဆိုရင်တော့ သူ့နဲ့တွေ့ရင် ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ အခိုက်တွေရှိတက်စမြဲပါ။ သူတို့က ကင်မြီးကောက်နဲ့တွေ့ရင် ပြေးသလို ပြေးလို့မရပါဘူး။ လှုပ်ရှားမှုတွေက အရမ်းကိုမြန်ဆန်လို့ပါ။ အဲ့လိုမြွေတွေထဲမှာမှ အဆိပ်အပြင်းဆုံးမြွေလို့ပြောရအောင် ထိပ်တန်းစားရင်ဝင်ငါးကောင်ကို ဖော်ပြလိုပါတယ်။ သင်တွေ့ရင် သိတတ်အောင်ပါ။
ပထမဆုံးမြွေကတော့ Eastern Brown Snake လို့ခေါ်ကာ သူ့ကို Australia, Papua New Guinea နဲ့ Indonesiaတိုက သူ့ရဲ့ဇာတိဖြစ်ကာ ကမ္ဘာပေါ်မှာ ဒုတိယအဆိပ်အပြင်းဆုံး ကုန်နေမြွေဖြစ်ပါတယ်။ Death Adder လို့ခေါ်တဲ့ေ့မြွကတော့ အဆိပ့်အပြင်းဆုံး မြွေတွေထဲကတစ်ကောင်ဖြစ်ပြီး အဲ့မြွေဟာ တခြားမြွေတွေနဲ့မတူပဲ သူဟာ သစ်ရွက်တွေအောက်မှာ ပုန်းကာ ကွန်မန်ဒါတွေလိုမျိုးပါပဲ။ အဲ့လိုနေပြီးနောက်မှာ သူဟာသားကောင်မဖြတ်မချင်း နေ့ပေါင်းမျာစွာ အဲ့နေရာမှာပဲနေကာ သူ့ရှေ့မှာ သားကောင်ဖြတ်တာနဲ့ တိုက်ခိုက်ကာ အဆိပ်ကိုသွင်းပြီးတာနဲ့စောင့်ကာ သေတာနဲ့ စားသောက်ပါတယ်။Philippine မြွေဟောက်ဟာဆိုရင်တော့ အဆိပ်အပြင်းဆုံးမြွေဟောက်တစ်ကောင်ပဲဖြစ်ပါတယ်။
သူတစ်ချက်ပေါက်လိုက်တာနဲ့ လူတစ်ယောက်ဟာ နာရီဝက်အတွင်း သေဆုံးနိုင်စေပါတယ်။ အရမ်းကို အဆိပ်ပြင်းပြီး သူလာရင်လာလို့လာမှန်းတောင်မသိပါဘူး။ Inland Taipan လို့ခေါ်တဲ့ေ့မြွကတော့ ဘယ်လောက်ထိအဆိပ်ပြင်းတာမဟုတ်ပဲ သူရဲ့ပေါက်ချက်တွေက တခြားမြွေတွေထက်မြန်တာပါ။ သူဟာ သားကောင်တွေကို လျင်မြန်စွာ အစဉ်လိုက်ပေါက်သတ်နိုင်ပါတယ်။ အဲ့မြွေကတော့ ကမ္ဘာအနှံ့မှာရှိပါတယ်။ Belcher’s Sea Snake ကတော့ရေမြွေတစ်ကောင်ဖြစ်ကာ သူဟာ မြွေတွေထဲမှာ အဆိပ်အပြင်းဆုံးပါပဲ။ မြွေဟောက်ဘုရင်ရဲ အဆိပ်ရည်တစ်စက်က လူ၁၅၀ကိုသေစေနိုင်ပြီး အဲ့ရေမြွေရဲ့အဆိပ်ရည် မီလီဂရမ်လောက်နဲ့ လူ၁ထောင်လောက်ကို အသာသတ်နိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ List 25