ဟော်တယ်မှာ မကြားဝံ့မနာသာအောင် အော်ဟစ် လိင်ဆက်ဆံတာကြောင့် ဒေါသဖြစ်နေတဲ့ လူတွေက အခန်းထဲက ဆွဲထုတ်ပြီး ဝိုင်းရိုက်

အောက်တိုဘာလ (၁၃ )ရက်နေ ့က တရုတ်နိုင်ငံ Guangxi in Beihai

ဂွမ်ဇီ ပြည်နယ် ဘေဟိုင်မြို ့ ဟော်တည်တစ်လုံးမှာ တည်းခိုနေတဲ့ စုံတွဲဟာ

ညပိုင်း ဟော်တယ်မှာ နေထိုင်နေကြတဲ့ သူတွေ မကြားဝင့်မနာသာအောင် ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြီးလိင်ဆက်ဆံနေကြတာကြောင့်

ဒေါသဖြစ်နေကြတဲ့ လူတွေက အခန်းထဲကနေ ဆွဲထုတ်ပြီး ၀ိုင်းရိုက် ခဲ့ကြကြောင်း shanghaiist သတင်းမှာဖေါ်ပြထားပါတယ်။ ရုပ်သံဖိုင်ကို link မှာ ကြည့်နိုင်ပါတယ်။

အခန်းထဲက စုံတွဲက မကြားဝံ့မနားသာအောင် အော်ဟစ်နေကြလို့ သည်းမခံနိုင်တဲ့အဆုံး Zhang လို့ခေါ်တဲ့ တည်းခိုးသူက အခန်းတံခါး ကန်ဖွင့်ပြီး ရိုက်နှက်ပါတော့တယ်။

အစက အခန်းအပြင်ဘက်သွားပြီး အသံနည်းနည်းတိုးပေးဖို့ တောင်းဆိုပင်မဲ့ အခန်းထဲက လူက ပြန်ပြောပြီး ပိုဆိုးလာတာကြောင့် အဲ့လိုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Zhang ကတော့ သူ့ရဲ့ဒေါသကြောင့် ယွမ်ငွေ တစ်သောင်းခွဲ ဒဏ်ကြေးပေးရမှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။