WWE Star တစ်ယောက်ဖြစ်တဲ့ Kane ရဲ့ လူသိပ်မသိတဲ့ အကြောင်းအရာများ

//s9.kh1.co/0a/0af614460d9caae64ad9a97ac7f70e8d8c037ea2.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးလဲ ငယ်ငယ်တုန်းက WWE ဆိုတဲ့ Smack Down ကိုကြည့်ဖူးကြသလို ဂိမ်းဆိုင်မှာလဲ ဆော့ဖူးကြမယ်လို့ထင်ပါတယ်။ ငယ်ရွယ်တုန်းက Smack Down ဆိုတဲ့ နပန်းကတော့ လူတော်တော်များများရဲ့ ရင်ထဲမှာ ဆွဲနေလောက်အောင် ဖြစ်ခဲ့ကြမှာပါ။ ယနေ့တိုင်လဲ လူတော်တော်များများဟာ ဆက်လက်ကြည့်ရှူအားပေးနေတုန်းပဲဖြစ်ကာ WWE ဟာလဲ ယနေ့တိုင် အောင်မြင်နေစဲပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ငယ်ငယ်တုန်းက နပန်းသမားတော်တော်များများကို သိမှာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/0a/0af614460d9caae64ad9a97ac7f70e8d8c037ea2.jpg
https://s9.kh1.co/__image/w=645,h=370,q=100/7c/7c255d6d0ac14a7fb1c34db9f3832a0d692bc733.jpg

Undertaker, Triple X, 619 စသဖြင့် များစွာသော နပန်းသမားတွေကိုသိရှိကြမှာပါ။ အဲ့လိုများစွာတွေထဲကမှ Kaneဆိုတဲ့ မျက်နှာဖုံးနီနဲ့ လူသန်ကြီးရဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သူဟာနပန်းကွင်းထဲမှာဆိုရင်တော့ Undertaker နည်းတူ ကြောက်မန့်ဖွယ်ကောင်းလှပါတယ်။ သူနဲ့ပတ်သတ်လို့သင်မသိတဲ့အကြောင်းအရာကတော့ သူဟာ ကြိုးဝိုင်းထဲမှာမရှိတဲ့အချိန် ပြင်ပဘ၀မှာဆိုရင်တော့ မြို့တော်၀န် တစ်ယောက်ပဲဖြစ်ပါတယ်။ နာမည်ကတော့ Glenn Jacobs ပဲဖြစ်ကာ Knox County, TN ရဲ့မြို့တော်၀န်တစ်ယောက်ပါ။ သူရဲ့ကြောက်မက်ဖွက်မျက်နှာဖုံးနီနဲ့ ဆီတစ်မျိုးစွတ်ထားတဲ့ ဆံပင်တွေမပါရင် သူဟာ မျက်နာနီနီနဲ့ လူတွေကိုဖော်ရွေတဲ့ အပြုံနဲ့ပြုံလေ့ရှိတဲ့ သူကိုတွေ့ရှိရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=624,h=388,q=100/d3/d353a75e2b1220c6207e771c4945b20dc5d5dd6e.jpg

နပန်းကစားသမားတော်တော်များများမှာလဲ အပြင်မှာ ကိုယ်ပိုင်ဘ၀စီရှိကြပါတယ်။ Career နှစ်မျိုးရှိခဲ့ကြဖူးတဲ့ Arnold Schwarzenegger တို့ The Rock တို့ ဆိုလဲ တစ်ချိန်တစ်ခါက သူတို့ကိုယ်ပိုင်ဆိရှိခဲ့ကြတာ ပရိသတ်ကြီးလဲသိရှိမှာပါ။ The Rock ကတော့ ခုချိန်မှာ မင်းသားဖြစ်နေပြီး Arnoldဟာဆိုလဲ မြို့တော်၀န်ရော ကာယဗလမောင်ပါ ဖြစ်ခဲ့ဖူးကာ မင်းသားဆိုလဲမမှားပါဘူး။ ခုလို Kane တစ်ယောက်ဟာ မြို့တော်၀န်ဖြစ်တယ်ဆိုတာ အရမ်းအံ့ဩစရာမကောင်းပေမယ့်လဲ ချီးကျူးရမှာတော့အမှန်ပါပဲ။

https://s9.kh1.co/__image/w=650,h=390,q=100/a7/a7080a4709bf07f41cc358e808fd2702c2764a51.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T