Plastic Surgery ပြုလုပ်ခဲ့ပြီး အတည်ပြုခဲ့ကြတဲ့ ကမ္ဘာကျော် Celebrity များ

//s9.kh1.co/3a/3a5fde3d72cff05e686d1b0992b6f96ef1fbf3d2.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယနေ့ချိန်မှာဆိုရင် Plastic Surgery တွေပြုလုပ်တယ်ဆိုတာ လူတော်တော်များများကြားမှာ နာမည်ကြီးလာကြပြီဖြစ်ပါတယ်။ အဲ့လိုလူတွေထဲမှာ Celebrity တချို့ဟာလဲ Plastic Surgery ပြုလုပ်ပြီးနောက် လူသိများလာခဲ့တဲ့ အထဲမှာလဲပါဝင်ပါတယ်။ သို့သော်လဲ ရုပ်လှပြီး အရည်အချင်းမရှိရင် အောင်မြင်ဖို့ဆိုတာ မလွယ်ကူးပါဘူး။ အဲ့တာကြောင့် ခုချိန်မှာ အောင်မြင်မှုလဲရှိပြီး Plastic Surgery ပြုလုပ်ခဲ့တယ်ဆိုတာ အတည်ပြုခဲ့တဲ့ Celebrity တွေ ဖော်ပြသွားမှာဖြစ်ပါတယ်။

Britney Spears

https://s9.kh1.co/__image/w=600,h=835,q=100/e9/e9403d9bec841280323303c837340f0adfddec63.jpg

Pop Music လောကမှာ မသိတဲ့သူမရှိလောက်အောင် အောင်မြင်ကျော်ကြားတဲ့ Britney Spears ကို ပရိသတ်ကြီး တော်တော်များများလဲ သိရှိကြမှာဖြစ်ပါတယ်။ သူမဟာဆိုရင် ၂၀၁၃ ခုနှစ်တုန်းက အင်တာဗျူး တစ်ခုမှာ သူမရဲ့ နှုတ်ခမ်းကို ခွဲစိတ်ပြုပြင်မှုလုပ်ဖူးကြောင်း ပြောပြခဲ့ဖူးပါတယ်။

Cardi B

https://s9.kh1.co/__image/w=600,h=337,q=100/ad/ad10d3793fd9e7d43c65f4e9b1f5ff59b650b587.jpg

Cardi B ကိုတော့ စာဖတ်သူ ပရိသတ်ကြီး မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ ၂၀၁၇ မှာ တဟုန်ထိုး အောင်မြင်ကျော်ကြားလာခဲ့တဲ့ Rapper တစ်ယောက်ဖြစ်ပြီး ဆုပေါင်းများစွာလဲ ပိုင်ဆိုင်ထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူဟာဆိုရင်လဲ အင်တာဗျူးတစ်ခုမှာ သူမရဲ့ တင်းပါးကိုခွဲစိတ်ပြုပြင်ဖူးကြောင်း ပြောဆိုအတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကိုလဲ Cardi B ပရိသတ်ကြီး အနေနဲ့ သိရှိမှာဖြစ်ပါတယ်။

Kylie Jenner

https://s9.kh1.co/__image/w=600,h=749,q=100/41/41ea2d4fd3aa87eb839d3ea13689231e06009675.jpg

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာတစ်ယောက်ဖြစ်တဲ့ မိန်းကလေးကတော့ Kylie Jenner ပဲဖြစ်ကာ ကလေးတစ်ယောက်လဲရှိပါတယ်။ သူမကို အင်တာဗျူးတစ်ခုမှာ Plastic Surgery နဲ့ပတ်သတ်ပြီး ဘယ်လို မြင်လဲ မေးမြန်းခဲ့ရာ သူမက " တကယ်လို Plastic Surgery ပြုလုပ်ချင်တယ်ဆိုရင် ကျွန်မဟာ တကယ်ကို အကောင်းဆုံးတွေ ပေးစွမ်းနိုင်တယ်လို့ ခံစားရမှာပါ...ကျွန်မကိုယ်တိုင်လဲ Plastic Surgery နဲ့ပတ်သတ်ပြီး မကင်းပါဘူး " ဆိုပြီးပြောပြခဲ့ဖူးပါတယ်။

Iggy Azalea

https://s9.kh1.co/__image/w=600,h=397,q=100/32/325ee528a301395db289bd85b88ad147ac674aa4.jpg

" ကျွန်မအနေနဲ့ ဒါတွေကို ပြောပြရမယ်ဆိုရင် တကယ်ကြိုက်နှစ်သက်ပါတယ်....ကျွန်မမှာ လျှို့ဝှက်စရာ ကိစ္စအနည်းသာ ရှိမယ်ဆိုရင် ကျွန်မအနေနဲ့ စိတ်ချမ်းသာပါတယ်...အဲ့လိုပြောပြလိုက်တော့ တခြားသူအနေနဲ့ လျှို့ဝှက်ချက်ဆိုတာကို ထုတ်ဖော်ပြောပြစရာမလိုတော့ဘူးဆိုတော့ ပိုလွတ်လပ်ပါတယ် " ဆိုပြီးသူမဟာ ၂၀၁၅ခုနှစ်တုန်းက သူမရဲ့ ရင်သားခွဲစိတ်မှုနဲ့ပတ်သတ်ပြီး ပြောပြခဲ့ဖူးပါတယ်။

သတင်း အရင်းအမြစ်Model

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T