ဒုတိယကမ္ဘာစစ်အတွင်းက German တပ်ရဲ့ တင့်ကားတွေနဲ့ တိုက်ခိုက်ခဲ့ကြတဲ့ အသေခံခွေးများ

//s9.kh1.co/eb/ebcd2afa835b4990274ebf9a1cea1c8d06171c89.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

စစ်ဖြစ်တယ်ဆိုတာ ဘယ်သူ့အတွက်မှ မကောင်းနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အပြစ်မဲ့တဲ့သူတွေလဲ အသက်ဆုံးရှုံးရသလို လူတော်တော်များများရဲ့ အသက်တွေဟာလဲ ဆုံးရှုံးရပါတယ်။ ဒါကြောင့်ပဲ ယနေ့အချိန်မှာဆိုရင် စစ်မဖြစ်အောင် နိုင်ငံတော်တော်များများက ထိန်းသိမ်းလျက်ရှိပါတယ်။ လူတိုင်းသိကြတဲ့ ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်တို့ဟာဆိုရင် တော်တော်ကို အချိန်အတော်ကြား ကြီးမားခဲ့တဲ့ ကမ္ဘာစစ်ကြီးတစ်ခုဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ဒုတိယကမ္ဘာစစ်အတွင်း Soviet နဲ့ Russian တွေအသုံးပြုခဲ့ကြတဲ့ Anti-Tank Dog ဆိုတဲ့ အသေခံ ဗုံခွဲ ခွေးတပ်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/79/795e9d95e8b8eeadf204497f6e5c159d42f525dc.jpg
https://s9.kh1.co/__image/w=600,h=405,q=100/19/19e95f529548965923fd0f21eecb57028f0291fb.jpg

Anti-Tank Dog ဆိုတဲ့ ခွေးတွေဟာဆိုရင် တင့်ကားတွေကို ဖျက်စီးဖို့ ရန်သူတွေရဲ ကားတွေကို ဖျက်စီးဖို့ လေ့ကျင့်ထားကြတဲ့ ခွေးတွေပဲဖြစ်ပါတယ်။ သူတို့ကိုယ်ပေါက်မှာဆိုရင်လဲ ပေါက်ကွဲပစ္စည်းတွေကို သယ်ယူထားကြပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက သူတို့ကို Soviet နဲ့ Russian စစ်တပ်တို့က ၁၉၃၀ နဲ့ ၁၉၉၆ ခုနှစ်ကြားမှာ ဂျာမန်စစ်တပ်ရဲ့ တင့်ကားတွေကို ဖျက်စီးဖို့ လေ့ကျင့်ပေးခဲ့ကြတာဖြစ်ပါတယ်။ အစပိုင်းမှာတော့ သူတို့ကို အချိန်ကိုက်ဗုံတွေကို ထားခဲ့ပြီး ပြန်ဆုတ်ဖို့ လေ့ကျင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသေခံ ဗုံးခွဲတိုက်ခိုက်ဖို့အတွက် သူတို့ကို လေ့ကျင့်ပေးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/0b/0b4518e400618d4fdc42b67a7d677440fdf0676e.jpg
https://s9.kh1.co/__image/w=600,h=1075,q=100/30/304837170c48848078e580e9fa03283cedb58c42.jpg

Anti-Tank Dog တွေကို စစ်တပ်ဟာ ၁၉၄၁-၁၉၄၂ တို့မှာ အသုံးပြုတိုက်ခိုက်ခဲ့ကြပါတယ်။ U.S စစ်တပ်ဟာလဲ ၁၉၄၃ ခုနှစ်မှာ ခွေးတွေကို Russian တွေနဲ့ အလားတူနည်းစနစ် လေ့ကျင့်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့လို လေ့ကျင့်ပေးနေစဉ်အတွင်း ပြဿနာတွေပေါ်ပေါက်ခဲ့ကြတဲ့အတွက် ခွေးတွေကို လေ့ကျင့်ပေးတဲ့ စနစ်က ဖျက်လိုက်ရပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ခွေးတွေကိုပဲ အခုလို အသေခံဖောက်ကွဲတိုက်ခိုက်ဖို့ အသုံးပြုခဲ့တာမဟုတ်ပဲ တခြားသော တိရစ္ဆာန်တွေနဲ့လဲ အသုံးပြုခဲ့ကြပါသေးတယ်။

https://s9.kh1.co/__image/w=600,h=365,q=100/91/9186d41adc4b954cdf00ff5af95db88f48e65ba9.jpg
https://s9.kh1.co/__image/w=600,h=411,q=100/36/36d688ed2b8bfc9970e466a82921926bc48b5047.jpg

သတင်း အရင်းအမြစ်Today I Found Out

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T