Rocker တွေ အတွက်ကော အခြားသူတွေ အတွက်ကော IC ဆိုတာက ရင်ထဲမှာ အမြဲနေရာယူထားတာပါ။ သူတို့ကို အမြဲချစ်ခင်ပေးတဲ့ပရိသတ်တွေကို ကျေးဇူးဆပ်တဲ့အနေနှင့် Iron Cross က အင်းလေးမှာ free show ကို ယနေ့ ကျင်းပပေးခဲ့ပါတယ်။ ထိုပွဲကိုလာရောက်ကြည့်ရှု့ခဲ့ကြတဲ့သူတွေရဲ့ ပုံရိပ်တွေ....

အင်းလေးဟာ မြန်မာနိုင်ငံရဲ့ တန်ဖိုးထားရတဲ့နေရာတွေထဲက တစ်ခုအပါအဝင်ပါ။ ထိုအင်းလေးကန်ထဲမှာ ရှိုးပွဲကျင်းပတယ်ဆိုတာ တော်တော်ရှားပါတယ်။ ပရိသတ်တွေ အမြဲလေးစားပြီး ရှိုးပွဲလုပ်တိုင်း လက်မှတ်အကုန် ရောင်းထွက်တဲ့ IC ကတော့ အင်းလေးက ပရိသတ်တွေအတွက် ရှိုးပွဲကျင်းပပေးခဲ့ရုံသာမက ပရိသတ်တွေအတွက် free show ပါကျင်းပပေးခဲ့ပါတယ်။

ထိုပွဲကို လာရောက်ကြည့်ရူ့တဲ့သူတွေ အလွန်များခဲ့ပြီး လှေ ကိုယ်စီ နှင့် စတိတ်စင်နားစုကာ နာဆင်ခဲ့ကြတဲ့ ပရိသတ် တွေ နှင့် အားသွန်ခွန်စိုက် ဖျော်ဖြေနေတဲ့ Rocker ကြီးတွေရဲ့ မြင်ကွင်းဟာ မည်သည့် နိုင်ငံမျိုးမှာ မှ မရှိနိုင်တဲ့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေဘဲ လုပ်နိုင်တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတော့တယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။