စိတ်ဓာတ်ခိုင်မာသူအများစုဟာ ရုပ်ရှင်ကြည့်ရင်းငိုတက်ကြောင်း လေ့လာတွေ့ရှိ

//s9.kh1.co/c8/c83ab0f8941d09a781d61adae3bbc90e7517f75f.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်ကြည့်ရင်းငိုတတ်တဲ့သူတွေကို ဘေးလူတွေကနေ လှောင်ရယ်တတ်ကြပါတယ်။ ဒါဟာ သူတို့ မျက်ရည်လွယ်လို့ စိတ်ဓာတ်ပျော့လို့မဟုတ်ပါဘူး။ တကယ်တော့ သူတို့ဟာ စိတ်ဓာတ်အခိုင်မာဆုံးလူတွေပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c8/c83ab0f8941d09a781d61adae3bbc90e7517f75f.jpg

ဒါကို စိတ်ပိုင်းဆိုင်ရာလေ့လာမှုအရကနေ ပြောမယ်ဆိုရင် ရုပ်ရှင်ထဲမှာဖြစ်ပျက်နေတာကို ခံစားပြီးငိုဖို့ဆိုတာ ကိုယ်ချင်းစာဖို့လိုပါတယ်။ ကိုယ်ချင်းစာတယ်ဆိုတာ တခြားလူတစ်ယောက်ရဲ့နေရာမှာ ဝင်ပြီးခံစားပေးကြည့်တာမျိုးပါ။ ဒါမျိုးဟာ လူတိုင်းမလုပ်နိုင်ပါဘူး။ မငိုဘဲ ဒီတိုင်းကြည့်နေတဲ့သူတွေဟာ ဘာမှမခံစားရလို့ပါ။ တကယ်ငိုပြီးကြည့်ရတဲ့သူတွေဟာ ဝင်ရောက်ခံစားနိုင်ဖို့အတွက် သတ္တိမွေးရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/76/764dcefc58050891b6542bcf83ef34bf070ab1c6.jpg
https://s9.kh1.co/__image/w=412,h=334,q=100/5a/5a1c230251ccd9f6487f2a3a3fb0dfaca1f7d29e.jpg

သတ္တိမွေးပြီး ဇာတ်ကောင်နေရာကနေ ဝင်ရောက်ခံစားပြီး မတူညီတဲ့အမြင်ကနေကြည့်ပါတယ်။ တစ်ချို့သောနေရာတွေမှာ ငါသာဆိုရင်ဆိုပြီးငိုတာထက်စာရင်၊ ကိုယ်တကယ်ကြုံဖူးတဲ့ နာကျင်စရာနဲ့ကိုက်ညီလို့ မျက်ရည်ကျလာရတာဖြစ်ပါတယ်။ မငိုဘဲအံကြိတ်ခံလာသမျှ တိုက်ဆိုင်တဲ့အချိန်မှာ ဝမ်းနည်းမိတာဖြစ်ပါတယ်။ ဒါဟာ စိတ်ဓာတ်ခိုင်မာတဲ့သူတွေမှာပဲ ဖြစ်တတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a5/a5e84bbf5394f97ea9ded964015be5ebcaa657c1.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T