သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာတွေက တကယ်ရှိနေတဲ့ ထူးဆန်းသတ္တဝါများ

//s9.kh1.co/b0/b069ec9eb28676fb06cf3a54a42ca5db8522285a.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပင်လယ်သမုဒ္ဒရာကြီးဟာဆိုရင် တော်တော်ကိုကျယ်ပြန့်လှပြီး ဟိုအောက်ခြေထိရောက်ဖို့ဆိုတာလဲ မလွယ်ကူလှပါဘူး။ လူသားတွေအနေနဲ့လဲ ရေအောက်လောကနဲ့ပတ်သတ်လို့ ခုချိန်ထိ ၁၀၀ရာခိုင်နှုန်းအပြည့် မလေ့လာရသေးတာ ပရိသတ်ကြီးလဲသိရှိမယ်ထင်ပါတယ်။ ရေကြောက်တတ်တဲ့သူတွေ မကြည့်ဖို့သတိပေးပါရစေ။ ပင်လယ်ကြမ်းပြင်ဟိုးအနက်ဆုံးမှာ ရှင်သန်နေတဲ့ရေသတ္တဝါတွေရဲ့ ပုံစံတွေကအစ ထူးဆန်းလှပါတယ်။

၁။ မျက်နှာမပါတဲ့ငါး

https://s9.kh1.co/__image/w=600,h=450,q=100/31/31349a3bc39c6dc223e2fab63f33121d3df335d8.jpg

မျိုးစိတ်နာမည်ကိုတော့ Typhlonus nasusလို့ပေးထားပြီး ငါးရှဉ့်သဏ္ဍာန်ရှိတဲ့အဆိုပါငါးပို ပင်လယ်ရေအောက်ကြမ်းပြင် ၁၃၁၀၀ အနက်မှာ ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

၂။ အသားစား sponges

https://s9.kh1.co/__image/w=600,h=337,q=100/b0/b069ec9eb28676fb06cf3a54a42ca5db8522285a.jpg

ဒီ sponges တွေကတော့ တခြားကမ္ဘာကနေလာတဲ့ မျိုးစိတ်တစ်ခုလို့တောင် အထင်မှတ်မှားစရာပါ။ သူဟာ သူ့ရဲ့ပျော့ပျောင်းတဲ့ အပြင်ပန်းအသားနဲ့ သူ့ရဲ့သားကောင်တွေကိုဆွဲဆောင်ပြီး ခန္ဓာကိုယ်အတွင်း လည်ပတ်နေတဲ့ အထူးဖွဲ့စည်းထားတဲ့ဆဲလ်တွေကနေ အစာချေဖျက်ပေးတယ်လို့ ဆိုပါတယ်။

၃။ Corallimorpharia

https://s9.kh1.co/__image/w=600,h=450,q=100/ad/ad9f60959d5e3cd49c76573a46ed512b02d25e10.jpg

Jellyfish အမျိုးအစားထဲပါဝင်ပြီး ရေအောက်အနက်ပိုင်း သန္တာကျောက်တန်းတွေမှာ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။

၄။ Spikey crab

https://s9.kh1.co/__image/w=600,h=424,q=100/f0/f06a0ceea43ea49945b1cec15118ca06cdd41f31.jpg

hermit crab အမျိုးအစားနဲ့သက်ဆိုင်မယ်လို့ ခန့်မှန်းရပြီး ဂဏန်းအစစ်ဖြစ်တယ်လို့တော့ မသက်မှတ်ရသေးပါဘူး။ သူ့ရဲ့ကိုယ်ပေါ်က အချွန်အတက်တွေကြောင့် Spikey crabလို့ အမည်ရတာဖြစ်ပါတယ်။

၅။ Sea spiders

https://s9.kh1.co/__image/w=600,h=379,q=100/d2/d22f4aec5b0804b36efa3a8509aa7cebfa44b2a1.jpg

ရေနေပင့်ကူလို့အမည်ပေးထားပြီး တစ်ချို့တွေမှာ ခြေချောင်းရှစ်ချောင်းသာပါပေမယ့် တစ်ချို့တွေမှာတော့ ဆယ်ချောင်းကနေ ဆယ့်နှစ်ချောင်းအထိ ပါနိုင်တယ်လို့ဆိုကြပါတယ်။ သူ့ရဲ့သားကောင်တွေကတော့ sponges တွေနဲ့ worms တွေပါ။

၆။ Dragonfish

https://s9.kh1.co/__image/w=600,h=442,q=100/5a/5a57db601be5f249832b8465e572275d16aaa882.jpg

သူကတော့ နာမည်အကြီးဆုံးငါးအမျိုးအစပါ။ ရေနက်ပိုင်းမှာအများဆုံးတွေရပြီး ကိုယ်ပိုင်အလင်းထုတ်လွှတ်ပါတယ်။ သူ့ရဲ့သားကောင်တွေကို အလင်းနဲ့မျှားပြီး ဆွဲဆောင်ပါတယ်။ ကြောက်စရာပုံစံကြောင့် နာမည်ကြီးတဲ့ငါးလည်းဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Elite Readers

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T