ဒီငါးဟာ သာမာန်ငါးတွေနဲ့မတူဘဲ ကွဲပြားနေပါတယ်။တမူကွဲပြားနေတဲ့ ငါးမျိးစိပ်တစ်မျိုးဖြစ်ပါတယ်။သူတို့ဟာ Atlantic သမုဒ္ဒရာအရှေ့ပိုင်းမှာအများဆုံးတွေ့ရလေ့ရှိပြီး Mediterranean ပင်လယ်တွေမှာလဲတွေရနိုင်ပါတယ်။ဒီအကောင်တွေကိုတော့ Red Gurnard လို့ခေါ်ပါတယ်။သူတို့ဟာ တစ်ကိုယ်လုံးအနီရောင်ရှိပြီး အတာင်ပံတွေကလည်း လိပ်ပြာအတောင်ပံတွေရှိတဲ့ ထူးဆန်းငါးပါပဲ။
လိပ်ပြာအတောင်ပံတွေဟာ တကယ်လိပ်ပြာစစ်စစ်တစ်ကောင်ရဲ့အတောင်ပံနဲ့ငါးတစ်ကောင်ကိုယ်ကို တတ်ထားသလိုပါပဲ။ ဒီကောင်တွေကို ပင်လယ်ရေအောက် ၉၈ ပေနဲ့ ၈၂၀ မှာအများဆုံးကျက်စားလေ့ရှိတာကို တွေ့ရပါတယ်။ အတ္တလန်တိတ် သမုဒ္ဒရာဟာ ထူးဆန်းတဲ့ငါးမျိုးစိတ်တော်တော်များများကို တွေရလေ့ရှိပါတယ်။
အာန္တာတိကတိုက်ဘက်က ရေခဲမြစ်တွေမှာဆိုလျှင် သိပ္ပံပညာရှင်များယခုထိအတည်မပြုနိုင်သေးတဲ့ အကောင်ပေါင်းများစွာကိုယနေ့အထိတွေ့မြင်ရဆဲဖြစ်ပါတယ်။ ယခုဒီငါးဟာလည်း အတ္တလန်တိတ် သမုဒ္ဒရာမှာတွေ့ရှိတာဖြစ်ပြီး အတောင်ပံပါသော်လည်း မပျံသန်းနိုင်တဲ့ငါးမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ အရွယ်အစားကတော့ ၄ စင်တီမီတာလောက်ပဲရှိပါတယ်။ ရေထဲမှာတော့ သူရဲ့အတောင်တွေနဲ့ လှပစွာခတ်နိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ Underworld