ဓာတ်ပုံကောင်းတစ်ပုံထွက်လာဖို့ဆိုတာ ဓာတ်ပုံဆရာတွေ ၊ရိုက်ပေးတဲ့ သူတွေအပေါ် မူတည်ပါတယ်။ မထင်မှတ်ပဲရိုက်ကူးလိုက်တဲ့ လျှပ်တပြတ်ပုံလေးတွေက လက်ရာကောင်းဖြစ်တတ်သလို အချိန်ပေးပြီး ပြင်ဆင်ရိုက်ကူးတဲ့ဓာတ်ပုံအချို့ကလည်း ထင်သလောက်စိတ်တိုင်းမကျတာမျိုးဖြစ်တတ်ပါတယ်။
ကမ္ဘာကျော်သွားတဲ့ ဓာတ်ပုံတိုင်းကိုကြည့်မယ်ဆိုရင် တိရစ္ဆာန်လေးတွေရဲ့ သဘာဝအတိုင်းအမူကျင့်လေးတွေနဲ့ လူ့သဘာဝ ကို ဖော်ကျုးထားတဲ့ ပုံလေးတွေဖြစ်တာများပါတယ်။ အခုဖော်ပြပေးမယ့် ပုံလေးတွေကတော့ ကမ္ဘာအရပ်ရပ်က ဓာတ်ပုံဆရာအချို့က မထင်မှတ်ပဲရိုက်ကူးလိုက်ရင်း ရယ်ရမလို အံ့သြရမလို အမိုက်စားပုံတွေဖြစ်သွားတာပါ။
ပရိသတ်ကြီး စိတ်ညစ်နေလား ဒီပုံလေးတွေကို အချိန်ခဏပေးပြီးကြည့်လိုက်ပါ။ ဒီပုံလေးတွေက ဘာသဘောသက်ရောက်သွားလဲ ဘယ်လိုပုံမျိုးလို့ မျက်လုံးထဲမြင်မိလဲ ပြောခဲ့ပါဦး ။
သတင်း အရင်းအမြစ်៖ Bright Side