ဥရောပနိုင်ငံတွေရဲ့ တကယ့်ထိပ်တန်း ကျော်ကြားတဲ့ အစားအသောက်များ

//s9.kh1.co/ea/ead696deac1e0da8c8a8409ed06406161c5eb8e8.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အစားအသာက်တွေရှိကြပြီး ဒီလိုမျိုးအစားအသောက်တွေဟာ သူတို့ရဲ့အမှတ်တံဆိပ်လို့တောင် ပြောလို့ရပါတယ်။ဒီတစ်ခါမှာတော့ ဥရောပ နိုင်ငံတွေရဲ့ ထင်ရှားတဲ့အစားအသောက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။ပြင်သစ်နိုင်ငံမှာတော့ တမူထူးခြားတဲ့အစားအသောက်တွေနဲ့ကောင်းမွန်တဲ့ဝိုင်တွေရှိပါတယ်။ တစ်ကယ်လို့ ပြင်သစ်ကိုသွားလည်တော့မယ်ဆိုရင် ကြက်သွန်ဖြူတွေ၊ထောပတ်တွေနဲ့ ရောနှောချက်ပြုတ်ထားတဲ့ ပက်ကျိ ဟင်းလျာ ကို စားကြည့်သင့်ပါတယ်။ဖားခြေထောက်ကြော်ဟင်း ဟာလည်းအရသာရှိတယ်လို့ နာမည်ကြီးပါတယ်။ သူတို့ရဲ့ အရသာဟာ ကြက်သားအရသာနဲ့တောင်နည်းနည်းသွားတူနေပါသေးတယ်။

https://s9.kh1.co/__image/w=600,h=359,q=100/94/9474af774bac0f96dabb4b6659beadbdfaf85351.jpg
https://s9.kh1.co/__image/w=600,h=400,q=100/ea/ead696deac1e0da8c8a8409ed06406161c5eb8e8.jpg

အီတလီမှာဆိုရင်တော့ အံ့ြသဖွယ်ကောင်းလောက်တဲ့ အစားအသောက်တွေအပြည့်နဲ့ပါ။ အီတလီရဲ့ Spaghetti ခေါက်ဆွဲဟာ အလွန်နာမည်ကြီးပီး အရသာရှိလှပါတယ်။ ဒါပေမယ့် Spaghetti ခေါက်ဆွဲကို မူလပထမတီထွင်ခဲ့တဲ့သူတွေက တရုတ်လူမျိုးတွေပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၇၀၀ လောက်က မာကိုပိုလိုဟာ တရုတ်ပြည်ကို ရောက်ရှိခဲ့ပီး အဆိုပါခေါက်ဆွဲဟင်းလျာချက်ပြုတ်နည်းကိုလဲ အီတလီနိုင်ငံကို ယူဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=352,q=100/c2/c24f581536338406bf32c40cfa8a748948c7f6bb.jpg
https://s9.kh1.co/__image/w=600,h=400,q=100/64/645b09234685a4a508371355eacdd63226e51939.jpg

ဂျာမနီတွေရဲ့ ထင်ရှားတဲ့အစားအသောက်ကတော့ ဂေါ်ဖီချဉ်တွေ၊၀က်အူချောင်းတွေနဲ သူတို့နိုင်ငံရဲ့ ကိုယ်တိုင်ထုတ် ဘီယာတွေပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ ငါးနဲ့အားလူးကိုကြော်ထားတဲ့ဟင်းလျာနဲ့ လက္ဖက်ရည်ပူပူတစ်ခွက် သောက်ခြင်းဟာ သူတို့နိုင်ငံရဲ့ အမှတ်တံဆိပ်ပါ။ စပိန်နိုင်ငံမှာတော့ အရည်ရွှမ်းတဲ့ လိမ္မော်သီးတွေ ကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေကို ရောက်ခဲ့ရင် သူတို့ရဲ့ ကျော်ကြားတဲ့အစားအသောက်တွေကို စားကြည့်ခဲ့ဖို့ မမေ့နဲ့နော်။

https://s9.kh1.co/__image/w=600,h=399,q=100/0c/0c1202470b2a233cf672b44ac085bdbfd540f614.jpg
https://s9.kh1.co/__image/w=600,h=399,q=100/b8/b88c0bc9213992e8b3845aa862dccd8b68f781e9.jpg

သတင်း အရင်းအမြစ်

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T