မျိုးသုန်းပျောက်ကွယ်သွားပြီးဖြစ်တဲ့ ကမ္ဘာ‌ဦးအစက ကြီးမားကြောက်လန့်ဖွယ် သတ္တဝါများ

//s9.kh1.co/00/009737ffeba1560ec4e5b20d9f1365c8bad27311.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ဒီ-၂၀၂၀ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

လူသားတို့‌ေနထိုင်ရာ ဒီကမ္ဘာမြေကြီးဟာဆိုရင် လွန်ခဲ့သော နှစ်ပေါင်းမ‌ျားစွာကတည်းကပင် ဂြိုလ်ပတ်လမ်းကြားထဲမှာ တည်ရှိနေခဲ့တာကြာလှပြီဖြစ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် ကမ္ဘာရဲ့သက်တမ်းဟာ နှစ်ပေါင်း ၄.၅၄၃ဘီလီယျံ ရှိပြီးဖြစ်ပါတယ်။ ‌ကမ္ဘာကြီးအပေါ်ကို ဥက္ကာခဲပြုတ်ကျလာပြီးကတည်းက တရိစ္ဆာန်မျိုးနွယ်တွေလဲ မျိုးသုန်း ပျောက်ကွယ်ကာ ဗီဇမျိုးစိပ်တွေလဲ ပြောင်းလဲခဲ့ကုန်ပါတယ်။ ဒါကြောင့်ခုချိန်မှာ ပျောက်ကွယ်သွားပြီးဖြစ်တဲ့ အချို့တိရစ္ဆာန်တွေကိုဖော်ပြပေးလိုက်ပါတယ်။

Gigantopithecus 

https://s9.kh1.co/__image/w=650,h=703,q=100/bc/bcc7f39f5177777bcc04a8f500992c6f3bbd70be.jpg

Gigantopithecus ဆိုတဲ့မျောက်ဝံကြီးတွေဟာ လူဝံအကြီးစား မျိုးနွယ်တွေဖြစ်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့နှစ်(၃)သိန်းခန့်က ပျောက်ကွယ်သွားကြတာဖြစ်ပါတယ်။ သူတို့ရဲ့အလေးချိန်ကတော့ ပေါင် ၆၀၀ကျော်ရှိပြီး အရပ် ၉ပေကျော်ရှိပါတယ်။

Purussaurus

https://s9.kh1.co/__image/w=588,h=351,q=100/80/80f735668972014fe27844ed92567a479d137301.jpg

ဒီမိကျောင်းအမျိုးအစားကတော့ ကတော့အလျား ပေ(၄၀)ကျော်ရှိပြီး ဦးခေါင်းခွံချည်းပဲ ၄ပေခန့်ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၈)သန်းလောက်တည်းက မျိုးသုန်းပျောက်ကွယ် သွားကြတာဖြစ်ပါတယ်။

Estemmenosuchus

https://s9.kh1.co/__image/w=650,h=437,q=100/5e/5e5c26de3e4b8d90d66e95d773ea4d44984b126e.jpg

အရှည်၁၀ပေကျော်ရှိပြီး အစုံစား သတ္တဝါတွေလည်းဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဦးချိုနှစ်ခုရှိပြီး သူ့ခေတ်သူ့အခါက အလွန်ကြီးမားတဲ့ အကောင်ကြီးတွေလည်းဖြစ်ပါတယ်။ အဆိုပါသတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရုရှားမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်…။

Smilodon

https://s9.kh1.co/__image/w=650,h=628,q=100/d9/d98ec422a69ae769252f5388ad619a179d3697b5.jpg

ကြောင်ကြီးမျိုးနွယ်တွေဖြစ်ပြီး ပုံမှန်ကျားတွေနဲ့မတူတဲ့အချက်က သူတို့ရဲ့ အစွယ်တွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ အရှေ့ဘက်အစွယ်နှစ်ချောင်းဟာ ရှည်လျားပြီး ကောက်ကွေးတဲ့ပုံစံ ရှိပါတယ်။ အရွယ်အစား ၆ပေခန့်ရှိပြီး အလွန်လျင်မြန်တဲ့ သတ္တဝါတွေလည်း ဖြစ်ပါတယ်။ 

Megalodon

https://s9.kh1.co/__image/w=650,h=385,q=100/00/009737ffeba1560ec4e5b20d9f1365c8bad27311.jpg

ယခုခေတ်တွေ့မြင်နေရတဲ့ ငါးမန်းမျိုးတွေထက် အဆများစွာပိုကြီးမားတဲ့ အဖြူရောင် ငါးမန်းမျိုးစိတ်လည်းဖြစ်ပါတယ်။ သူတို့ရဲ့သွးတွေဟာ အလွန်ထက်မြက်ပြီး အရွယ်အစားကတော့ ပေ(၄၀)ကနေ (၅၅)ပေအထိရှိကြပါတယ်။

သတင်း အရင်းအမြစ်Elder World

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T