ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ပွဲ၀င် ဆင်နွဲခဲ့တဲ့ ၀က်ဝံကြီး Wojtek

//s9.kh1.co/3e/3ecf259e4a37b232887097cc78d47542dea21676.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဒီ-၂၀၂၀ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

၁၉၄၂ ခုနှစ်၊ အီရန်နိုင်ငံ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် အီရန်နိုင်ငံ စစ်မြေပြင်မှာ ပိုလန်စစ်သားတွေက ဝက်ဝံပေါက်စလေး တစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပိုလန် တပ်မဟာ အမှတ် (၂) မှ အမြှောက်တပ်ခွဲ အမှတ် (၂၂) မှာ တာဝန်ကျတဲ့ စစ်သားတွေပါပဲ။

https://s9.kh1.co/__image/w=600,h=456,q=100/d0/d0e4b7ba5c456508baa17da854b35057d2b9428d.jpg

ခိုကိုးရာမဲ့ ဖြစ်နေတဲ့ ဝက်ဝံပေါက်စလေးကို စစ်သားတွေက မွေးထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ထိုဝက်ဝံလေးကို ပိုလန်ဘာသာ စကားနဲ့ Wojtek လို့ အမည်ပေးလိုက်ပါတယ်။ အင်္ဂလိပ်လို Voytek (ဗွိုင်တက်ခ်) လို့ အသံထွက်ပါတယ်။ ပျော်ရွှင်သော စစ်သားလို့ အဓိပ္ပါယ် ရပါတယ်။

https://s9.kh1.co/__image/w=600,h=414,q=100/83/833ee63d4d728930ca41cd27d8ef3dabd4861dec.jpg

စတွေ့တဲ့ အချိန်မှာ ဝက်ဝံလေးက ငယ်လွန်းတာကြောင့် အစာကျွေးလို့ မရဘဲ စစ်သားတွေခမျာ ဒုက္ခရောက်ပါတယ်။ နောက်ဆုံးမှာ စစ်သားတွေက နို့ဆီကို ရေနဲ့ဖျော်ပြီး ဗော့ဒ်ကာ အရက်ပုလင်း အလွတ်ထဲ ထည့်တိုက်ကြပါတယ်။

https://s9.kh1.co/__image/w=600,h=343,q=100/71/711be9ce592b05b7da0f99578937a68a3e21949b.jpg

နောက်ပိုင်း ဝက်ဝံလေး Voytek ကြီးလာတဲ့အခါ အသီးအနှံ၊ marmalade၊ ပျားရည်နဲ့ သကြားရည် စတာတွေကို တိုက်ကျွေးကြပါတယ်။ ဘီယာကတော့ Voytek အကြိုက်ဆုံး အစားအသောက်ပါပဲ။ ဝက်ဝံလေးက လိမ္မာရင် ဆုချတဲ့အနေနဲ့ စစ်သားတွေက ဘီယာတိုက်ကြပါတယ်။ ဆေးလိပ်သောက်ရတာကို နှစ်သက်ပြီး ဆေးလိပ်တွေကို ဝါးစားရတာ ကြိုက်ပါသေးတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/b7/b799b3f9224bdf2c1de518e174f730ea7ce928fb.jpg

အီရန်ကနေ ပါလက်စ်စတိုင်းကို ချီတက်တဲ့ ခရီးစဉ်ရှည်ကြီးအတွင်းမှာ ဝက်ဝံ Voytek ဟာ အမှတ် (၂၂) တပ်ခွဲအတွင်း မသိသူမရှိ နာမည်ကြီးလာပါတယ်။ သူက ညဘက်တွေမှာ လူတွေနဲ့အတူ မီးပုံနားမှာ ဝိုင်းဖွဲ့လေ့ရှိပါတယ်။ အိပ်ရင်လည်း စစ်သားတွေနဲ့ အတူတူ ရွက်ဖျင်တဲထဲမှာ အိပ်ပါတယ်။ Voytek က စစ်သားတွေနဲ့ နပန်းလုံးရတာ ပျော်ပါတယ်။ သူ့ကို ဘယ်သူမှ မနိုင်လို့ပါ။

https://s9.kh1.co/__image/w=600,h=338,q=100/8a/8aed62e03f65ecf84d860d32cf383b1b9062fef9.jpg

စစ်သားတွေကိုလည်း အလေးပြု ပြီး နှုတ်ဆက်တတ်ပါသေးတယ်။ စစ်ယာဉ်တန်းနဲ့ ချီတက်ကြတဲ့အခါလည်း Voytek က ဂျစ်ကားရှေ့ခန်းကနေ အခန့်သားနဲ့ လိုက်ပါတယ်။ လမ်းသွားလမ်းလာတွေ ပြည်သူတွေက ဝက်ဝံကြီး ကားစီးလာတာ မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့အခါ လန့်ဖျတ်ကုန်ကြတာလည်း မဆန်းပါဘူး။

Voytek စစ်သားဖြစ်ပြီ

https://s9.kh1.co/__image/w=600,h=430,q=100/5d/5d3fbfe228ca6bfd637bd23980092050a7e66a2c.jpg

ဒါပေမယ့် ပိုလန်စစ်သားတွေ တွေ့ကြုံ ရတဲ့ ပြဿန ာကတော့ ဗြိတိန် စစ်ဋ္ဌာနချူ ပ်က ချမှတ်ထားတဲ့ စည်းမျဉ်းအရ စစ်တပ်ဝင်းအတွင်း အိမ်မွေးတိရစ္ဆာန်တွေ ခေါ်ခွင့်မရှိတာကြောင့်ပါ။ အဲ့ဒီတော့ ပိုလန်စစ်သားတွေက Voytek ကို တပ်သားရာထူးနဲ့ တရားဝင် စာရင်းသွင်းပေးလိုက်ပါတယ်။ Voytek က တရားဝင် စစ်သားဖြစ်ခဲ့ပြီး ကိုယ်ပိုင်နံပါတ်ပါ ရရှိခဲ့ပါတယ်။ ဗြိတိန်စစ်ဋ္ဌာနချူ ပ်က တရားဝင်ထုတ်ပြန်တဲ့ စစ်သားစာရင်းမှာ Voytek ရဲ့နာမည် ပါဝင်ခဲ့ပါတယ်။

ရှေ့တန်းစစ်မျက်နှာက စစ်သားကြီး Voytek

https://s9.kh1.co/__image/w=600,h=451,q=100/9c/9c85dcfe0d3be7ca6a42ce4a664a27f1e63cb6df.jpg

အီတလီနိုင်ငံ၊ မွန်တီ ကက်စီနို (Monte Cassino) မြို့က တိုက်ပွဲကတော့ ပိုလန်စစ်တပ်အတွက် အကြီးကျယ်ဆုံး၊ အကြမ်းတမ်းဆုံးနဲ့ အသေအပျောက် အများဆုံးလို့ ပြောစမှတ်တွင်တဲ့ တိုက်ပွဲပါပဲ။ စစ်မြေပြင်ရဲ့ အနောက်ပိုင်း၊ ရှေ့တန်းစစ်မျက်နှာမှာ ပိုလန်စစ်သားတွေက နာဇီဂျာမန် လက်အောက်ခံ အီတလီခံတပ်ကို တက်သိမ်းရပါတယ်။

တိုက်ပွဲအတွင်းမှာ Voytek က ပေါင်တစ်ရာကျော်လေးတဲ့ ကျည်ဆံသေတ္တာတွေ၊ အမြှောက်ဆံကြီးတွေကို ထမ်းပြီး ကျည်မိုး တဖြောက်ဖြောက် ရွာနေတဲ့ ရှေ့တန်းအထိ အခေါက်ခေါက် အခါခါ ပို့ပေးခဲ့ပါတယ်။ Voytek က သူထမ်းတဲ့ သေတ္တာတွေ၊ အမြှောက်ဆံတွေကို တစ်ခုမှ ပြုတ်မကျအောင် ထမ်းခဲ့ပါတယ်။

Voytek ရဲ့ လုပ်ဆောင်ချက်တွေက အရမ်းကို လေးစားစရာ ကောင်းခဲ့တာကြောင့် မွန်တီ ကက်စီနို တိုက်ပွဲ အပြီးမှာ အမှတ် (၂၂) တပ်ခွဲရဲ့ အမှတ်တံဆိပ်ကို Voytek က Howitzer အမြှောက်ဆံကို သယ်နေတဲ့ပုံအဖြစ် တရားဝင် ပြောင်းလိုက်ပါတော့တယ်။ Voytek ကိုလည်း တပ်သားမှ တပ်ကြပ်အဖြစ် ရာထူးတိုးပေးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ် အပြီး

https://s9.kh1.co/__image/w=600,h=337,q=100/25/25bb3b845484371f7a53ecd301e32d79cbef52f8.jpg

ဒုတိယကမ္ဘာစစ် အပြီး မှာ Voytek အပါအဝင် အချို့သော ပိုလန်တပ်သားတွေကို စကော့တလန်နိုင်ငံ အီဒင်ဘာဂ် (Edinburgh) မြို့မှာ ပြောင်းလဲ နေရာချထားပေးလိုက်ပါတယ်။ Voytek ကတော့ သူ့ဘဝရဲ့ ကျန်ရှိတဲ့ အချိန်တွေကို အီဒင်ဘာဂ် တိရစ္ဆာန်ရုံမှာပဲ ကုန်ဆုံးစေခဲ့ရပါတယ်။

တိရစ္ဆာန်ရုံထဲက Voytek က ပိုလန်ဘာသာစကားကို ကြားတိုင်း မတ်တပ်ရပ်ပြီး သူ့ရဲ့ ရဲဘော်တွေကို လိုက်ရှာ ပါတယ်။ စစ်အတွင်းက Voytek နဲ့အတူတိုက်ပွဲ ဝင်ခဲ့တဲ့ ရဲဘော်တွေကလည်း Voytek ဆီ မကြာခဏလာလည်ပါတယ်။ လာလည်တဲ့အခါ Voytek ရဲ့ လှောင်အိမ်ထဲကို စီးကရက်တွေ ပစ်ပေးကြပါတယ်။

တချို့ ရဲဘော်တွေဆို လှောင်အိမ်ထဲအထိ ခုန်ဆင်းပြီး အရင်တုန်းက အတိုင်းပဲ Voytek နဲ့ နပန်းလုံးပါတယ်။ အရင်တုန်းကလိုပဲ Voytek ကို ဘယ်သူမှ မနိုင်ကြပါဘူး။

သူရဲကောင်း Voytek

https://s9.kh1.co/__image/w=600,h=986,q=100/94/94a1aa8d9b83e351b4c604b5ff429f52c1cbb5a9.jpg

ရွပ်ရွပ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့တဲ့ Voytek ကို ဒုတိယ ကမ္ဘာစစ် ရဲ့ သူရဲကောင်းတစ်ယောက် အနေနဲ့ အသိမှတ်ပြုခဲ့ကြပါတယ်။ သူရဲကောင်း Voytek ရဲ့ အကြောင်းကို ကမ္ဗည်း မော်ကွန်းတင်ပြီး သူ့ရဲ့ပုံတူ ရုပ်တုတွေကို အီဒင်ဘာဂ်၊ ပိုလန်နိုင်ငံ၊ လန်ဒန်စစ်သမိုင်းပြတိုက်၊ ကနေဒါစစ်သမိုင်းပြတိုက်တွေမှာ ယနေ့အချိန်ထိ တွေ့မြင်နိုင်ပါသေးတယ်။

ကွယ်လွန်ချိန်

https://s9.kh1.co/__image/w=600,h=451,q=100/ae/ae9831252644443f04d10bddc1e30aab90e7e604.jpg

ဝက်ဝံစစ်သားကြီး Voytek ကတော့ ၁၉၆၃ ခုနှစ် (အသက် ၂၁) မှာ ကွယ်လွန်ခဲ့ပါတယ်။ သေဆုံးချိန်မှာ သူ့ကိုယ်အလေးချိန်ဟာ ပေါင် ၅၅၀ ခန့်ရှိပြီး အရပ်အမြင့်ကတော့ ၆ ပေ နီးပါး ရှိပါတယ်။ Wojtek-The Bear That Went to War အမည်နဲ့ ဝက်ဝံစစ်သားကြီးအကြောင်း ဇာတ်ကားရိုက်ထားတာ ရှိပါတယ်။ 

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T