ရက်ပေါင်း ၃၀ ကြာအောင် ငိုကြွေးရတဲ့ ရှေ့ဟောင်းမျိုးနွယ်စုတို့ရဲ့ မင်္ဂလာဆောင်

//s9.kh1.co/05/059241f7352c2272752ca65ef5720030d61b9698.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဒီ-၂၀၂၀ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းမှာ ထိမ်းမြားလက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး မတူညီတဲ့ ထုံးတမ်းဓလေ့တွေရှိကြပါတယ်။ သို့သော်လည်း တချို့နေရာတွေမှာတော့ မင်္ဂလာဆောင်နဲ့ ပက်သက်ပြီး အလွန်ထူးဆန်းတဲ့ မင်္ဂလာဆောင် ဓလေ့တွေရှိကြပါတယ်။ ယခုတခါဖော်ပြပေးချင်တာကတော့ တရုတ်နိုင်ငံမှာရှိတဲ့ ရှေးဟောင်မင်္ဂလာဆောင် ဓလေ့အကြောင်းပဲ ဖြစ်ပါတယ်။  

https://s9.kh1.co/__image/w=600,h=293,q=100/1f/1f82924d44b5eb54b07a252f554870b65865720d.jpg
https://s9.kh1.co/__image/w=600,h=449,q=100/e3/e3dff36721afe0b19278d9ed059446504b700ddb.jpg

တရုတ်နိုင်ငံက တူဂျီယာ လူမျိုးတွေဟာ မင်္ဂလာဆောင်မဲ့ နေ့မတိုင်ခင် ရက် ၃၀ လုံးလုံး ငိုကြွေးလေ့ရှိပါသတဲ့။ သတို့သမီးဟာ တစ်ရက် ကို တစ်နာရီလောက် ငိုရပါတယ်။ ၁၀ ရက်လောက်ကြာတော့ အမေဖြစ်သူလည်း ပါဝင် ငိုကြွေးပြီး နောက်ထပ် ၁၀ ရက်လောက်ကြာတဲ့ အခါ အဘွား ဖြစ်သူကလည်း လိုက်ပါ ငိုကြွေးပါတယ်။ 

https://s9.kh1.co/__image/w=600,h=799,q=100/dc/dc981759f7b2d3050e56ce182e6f28e6f48f0aae.jpg
https://s9.kh1.co/__image/w=600,h=800,q=100/9d/9de69a8bc022b59ad136ba759a08b6774749892f.jpg

သတို့သမီးရဲ့ မိသားစုဝင် အမျိုးသမီးတွေ အားလုံး ပုံမှန် တစ်နေ့ တစ်နာရီ ငိုကြရပါတယ်။ ဒီလိုငိုရတာဟာ ပျော်ရွှင်မှုနဲ့ ချစ်မြတ်နိုးမှု ကို ဖော်ထုတ်ပြသတာ ဖြစ်တယ် လို့ ယူဆကြပါတယ်။ ဒီလိုဓလေ့တွေဟာရှေးဟောင်း တရုတ်လူမျိုးတွေရဲ့ အလွန်ထူးဆန်းတဲ့ မင်္ဂလာဆောင်ဓလေ့ပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=399,q=100/ca/ca8842fcd2c84e5d592e6f2bd6761b2a81669c67.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T