‌ကမ္ဘာ့အလေးဆုံးငါးအဖြစ်သတ်မှတ်ထားခဲ့တဲ့ ပေါင် ၆၀၀ ၀န်းကျင်ရှိတဲ့ငါး

//s9.kh1.co/87/87ee278e40cae77a64b7617fe907bf2f3cb52f75.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ အကောင်အကြီးဆုံးက ဝေလငါး ဆိုတာအားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမယ့် သူ့အရွယ်အစားနဲ့သူ အလေးဆုံးဆိုရင်တော့ မိုလာမိုလာ(mola mola) ငါးလို့ပဲပြောရပါမယ်။ ၉ပေ အရှည်ရှိတဲ့ဝေလငါးတစ်ကောင်ဟာ ပေါင် ၆၀၀ ခန့်လေးတဲ့အချိန်မှာ ၇ပေ ဝန်းကျင်ပဲ ရှိတဲ့ မိုလာမိုလာ ငါးတစ်ကောင်ဟာ ပေါင် ၂၀၀၀ ခန့် ရှိနေတတ်ပါတယ်။ ဒါကြောင့်လည်း သူ့ကိုအလေးဆုံး ငါးတစ်ကောင်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=698,q=100/1b/1b68f2d8e662ee82033454f4dce4f88dce589028.jpg
https://s9.kh1.co/__image/w=600,h=314,q=100/69/695b6a44c58934442f1a4d4923baafac12fc0468.jpg

သူတို့ဟာ ပုံမှန်ငါးတွေနဲ့ ကွဲပြားတဲ့ပုံသဏ္ဍာန်ရှိပါတယ်။ သူတို့ကို ရေမျက်နှာပြင်ပေါ်တက်ပြီး နေရောင်ကို ထိတွေ့လေ့ရှိတာကြောင့် နေငါး လို့လည်းခေါ်ကြပါတယ်။ ပုံမှန်အရွယ်အစားက ၆ပေ ဝန်းကျင်ကနေ ၈ပေခန့် အထိရှိတတ်ပြီး အကြီးဆုံးအရွယ်အစားကတော့ ၁၁ပေဖြစ်ပါတယ်။ အလေးချိန်ကလည်း အနည်းဆုံးပေါင် ၆၀၀ ကနေ ပေါင် ၅၀၀၀ အထိလေးတဲ့ငါးတွေဖြစ်ပါတယ်။ သူတို့ရဲ့အဓိကအစားအစာက ဂျယ်လီငါးဖြစ်ပေမယ့် ဗီလာငါး ၊ အခွံမာကောင် ၊ ငါးအသေးလေးတွေ နဲ့ ရေမှော်တွေကိုလည်း စားတတ်ကြပါတယ်။

https://s9.kh1.co/__image/w=600,h=311,q=100/cb/cbfa1c645407e60bcf2063620107c272e99a0cc9.jpg
https://s9.kh1.co/__image/w=600,h=392,q=100/88/88cbfaedaed167acbbad701148d234956146af48.jpg

ရေမျက်နှာပြင်ပိုင်းမှာပဲ နေလေ့ရှိပေမယ့် ရေအောက်အနက်ပေ ၂၀၀၀ ခန့်အထိလည်း သွားလေ့ရှိတဲ့ငါးတစ်မျိုးဖြစ်ပါတယ်။ သူတို့အကြောက်ရဆုံးတွေကတော့ ပင်လယ်ဖျံ ၊ ဝေလငါး ၊ ငါးမန်း နဲ့ လူတို့ဖြစ်ပါတယ်။ သူတို့ကို ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှာ အများဆုံးတွေ့နိုင်ပြီး ဂျပန် ၊ ကိုရီးယား ၊ ထိုင်ဝမ် တို့မှာလည်းတွေ့ရတတ်ပါတယ်။ နိုင်ငံအများစုက ကာကွယ်ပေးထားတဲ့ရေသတ္တဝါဖြစ်ပေမယ့် တရုတ် နဲ့ ဂျပန်တို့မှာတော့ အဓိက အရသာရှိတဲ့အစားအစာ တစ်ခုအဖြစ် စားသုံးခြင်းခံနေရပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/54/547d8a39df9d3edbc4e40972a9c8eefcc1cfbe17.jpg
https://s9.kh1.co/__image/w=600,h=337,q=100/d1/d1332ab5ac2049101d781a7133038ca034f8ee83.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T