ဆင်းရဲ့မစင်နဲ့ ထုတ်လုပ်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီတွေထဲက တစ်ခု

//s9.kh1.co/78/78e7c2e9bc41b7fa4d7aad8f969c1732b7ce0666.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ယခုလတ်တလော ရေပန်းစားနေတာကတော့ ကမ္ဘ့ာဈေးအကြီးဆုံးကော်ဖီအဖြစ်နာမည်ကြီးနေတဲ့ ဆင်ရဲ့ မစင်နဲ့ ပြုလုပ်ထားတဲ့ ကော်ဖီပဲ ဖြစ်ပါတယ်။ ဒီကော်ဖီကိုတော့ ထိုင်းနိုင်ငံက စတင်ခဲ့တာ ဖြစ်ပြီး ဆင်တွေကို အရည်သွေးကောင်းတဲ့ ကော်ဖီစေ့တွေကို သူတို့ရဲ့အစာထဲ ထည့်သွင်းရော စပ်ကျွေးမွေးတာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=399,q=100/e8/e8601fabce1c9d1390fdd8bfc55c296b154a433f.jpg
https://s9.kh1.co/__image/w=600,h=400,q=100/78/78664290c75f30c242f48975386f2326e58b06e4.jpg

ဆင်တွေရဲ့ အစာချက်ချိန်ဟာ ကျန်တဲ့ သတ္တဝါတွေထက် ပိုကြာမြင့်ပြီး အစာစားပြီး ၁၅နာရီလောက်မှ မစင်ပြန်စွန့်ကြတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကော်ဖီစေ့တွေဟာ ဆင်တွေရဲ့ ဝမ်းဗိုက်ထဲမှာ အချိန်ကြာမြင့်စွာ၇ှိနေပြီး ကော်ဖီရဲ့ မူလအခါးဓာတ်ကို လျော့ချပေးလိုက်တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/30/309660816644c1ccaf5e700c3c78e6a9a7e17a64.jpg
https://s9.kh1.co/__image/w=600,h=400,q=100/ac/acceff0708d552bfe14b33dfa2071a88cd6ed494.jpg

ဒီနောက်မှာတော့ ဆင်တွေ မစင်စွန့်မယ့်အချိန်ကို စောင့်ကြည့်ပြီး ထိုမစင်ထဲမှ ကော်ဖီစေ့များကို ပြန်လည်ရွေးယူကြတာပဲ ဖြစ်ပါတယ်။ ရွေးပြီးသွားတဲ့ ကော်ဖီစေ့တွေကို အခြောက်လှန်းပြီး ဈေးကွက်မှာ ရောင်းချကြတာပဲ ဖြစ်ပါတယ်။ ထိုကော်ဖီမှုန့် တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၁၀၀ အထိတောင်ရှိပြီး နိုင်ငံတစ်ကာ အဆင့်မြင့် ဟိုတယ်တွေမှာတော့ ထိုကော်ဖီတစ်ခွက်ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၅၀ တန်ဖိုးရှိပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/40/40bca1e03d499b1c74a0be031ae0562dc9c11c62.jpg
https://s9.kh1.co/__image/w=600,h=372,q=100/ad/ad61d72d7a1e4880f1fe8c9931b42e913d7445da.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T