မသေခင်မှာ လူ့လောကကြီးအတွက် ပိုင်ဆိုင်သမျှ အကုန်လှူသွားခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဠေးကြီး

//s9.kh1.co/69/697f49568af37be703d4eb7b091dbab555d836d3.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-ဒီ-၂၀၂၀ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုယ်မသေခင်မှာ ပိုင်ဆိုင်သမျှအကုန်လှူဒါန်းရဲတဲ့သူဟာ လက်ချိုးရေလို့ရလောက်အောင် နည်းပါးလှပါတယ်။ ဒီလို လူတွေထဲမှာ မှ တစ်ချိန်က ကမ္ဘာ့အချမ်းသာဆုံး သူေဋ္ဌးကြီး ဖြစ်ခဲ့တဲ့ အင်ဒရူးကာနယ်ဂျီ လည်း ပါဝင်ခဲ့ပါတယ်။ အင်ဒရူးကာနယ်ဂျီကို ၁၈၃၅ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ မှာ စကော့တလန်နိုင်ငံ ဒန်ဖားမလင်း မြို့တွင် မွေးဖွားခဲ့ပါတယ်။ ကလေးဘဝကတည်းက ဝါစက်ရုံနဲ့ ကြေးနန်းစက်ရုံတွေမှာ အလုပ်လုပ်ခဲ့တဲ့ ကာနယ်ဂျီဟာ အသက် ၂၃နှစ်အရွယ်မှာတော့ မီးရထား ဌာနခွဲတစ်ခုရဲ့ အရာရှိ ဖြစ်လာပါတယ်။  

https://s9.kh1.co/__image/w=600,h=336,q=100/a5/a55ce54e6978bf9ef3f484faebcded5c5e3762c6.jpg
https://s9.kh1.co/__image/w=600,h=400,q=100/e4/e4e9b71ce1c15e4fbb25da538860f4ec6b14b3a5.jpg

ထို့နောက် ကိုယ်ပိုင် စီးပွားရေးတစ်ခုကို လုပ်ကိုင်ခဲ့ပြီး တဖြည်းဖြည်းကြီးပွားလာကာ နောက်ဆုံးတွင် ကမ္ဘာ့အချမ်းသာဆုံး သူေဋ္ဌးကြီး နေရာကို ရယူခဲ့ပါတယ်။ ၁၉၀၁ ခုနှစ်မှာတော့ သူေဋ္ဌးကြီး အင်ဒရူးရဲ့ လက်ထဲမှာ ဒေါ်လာ သန်း ၅၀၀ အထိ ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်ပါတယ်။ နောက်ပိုင်းတွင် အင်ဒရူးဟာ စီးပွားရေး လောကကနေ အနားယူပြီး သူ့ရဲ့ ပိုင်ဆိုင်မှုများကို စနစ်တကျ အသုံးပြုရန် စတင်စီစဉ်ခဲ့ပါတော့တယ်။ 

https://s9.kh1.co/__image/w=600,h=402,q=100/94/9403899fc5802983ed9a7fd419a0cb3f0d1437c1.jpg
https://s9.kh1.co/__image/w=600,h=699,q=100/f1/f1582a07dbfea887d157e331b6929dd1140293a2.jpg

သူ့ရဲ့ စည်းစိမ်တွေကို လူ့လောကအတွက် အကျိုးရှိအောင် ဘယ်လိုအသုံချရမလဲဆိုတာ နက်နက်နဲနဲ စဉ်းစားပြီးနောက်ပိုင်းမှာတော့ ပညာရေးတွင် လှူဒါန်းရန် စတင်ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ပထမဦးဆုံး လှူဒါန်းခဲ့တာကတော့ သူ့ရဲ့ဇာတိဖြစ်တဲ့ စကော့တလန်နိုင်ငံက တက္ကသိုလ်ကျောင်းကြီး လေးခုကို ဒေါ်လာ ၁၀သန်း လှူဒါန်းခဲ့ပါတယ်။ ထို့နောက် အမေရိကန်နိုင်ငံရှိ ပစ္စဗတ်မြို့နှင့် ဝါရှင်တန်မြို့များတွင်လည်း ကာနက်ဂီအမည်ဖြင့် ပညာရေးမြှင့်တင်တဲ့ အဖွဲ့တွေကို တည်ထောင်ပေးခဲ့ပြီး သူမွေးဖွားတဲ့ မြို့ကလေးမှာလည်း စာသင်ကျောင်းများအတွက် ဒေါ်လာသန်းပေါင်းများစွာလှူဒါန်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=300,q=100/eb/ebbf4cd810e5ccf73e83692a750dc27495ced203.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T