အာဖရိကတောနက်တွေထဲမှာသာ အမျာဆုံးတွေ့နိုင်တဲ့ ထူးဆန်းသတ္တဝါများ

//s9.kh1.co/33/33ce2ca3f1033351349201ae7701640a9b6cca0f.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သဘာဝပတ်ဝန်းကျင်မှာ မိမိတို့ မြင်ဖူးနေကျ သိပ်မစိမ်းတဲ့ တိရစ္ဆာန်လေးတွေရှိမှာပါ။ ဒါပေမယ့် တချို့အကောင်တွေကိုတော့ ပုံတွေထဲ စာတွေထဲ မြင်မှသာ ဟာခနဲ ဟင်ခနဲ ဖြစ်သွားလောက်အောင် ထူးဆန်းတဲ့အကောင်လေးတွေရှိပါတယ်။ ယင်းတို့အထဲမှ အာဖရိကမှာသာ တွေ့နိုင်တဲ့ ထူးခြားတဲ့ တိရစ္ဆာန် (၅) မျိုးကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Greater Kudu

https://s9.kh1.co/__image/w=600,h=510,q=100/5b/5bed19290511243b372d174353fa4864a9caf0c7.jpg

Greater Kudu သတ္တဝါကတော့ တောင်ဆိတ်မျိုးနွယ်ဝင်ဖြစ်ပြီး ဦးချိုအရည်ဆုံးသတ္တဝါဖြစ်ပါတယ်။ တောင်တက် ကျွမ်းကျင်ပြီး ၃၁၅ ကီလိုဂရမ် အထိ အလေးချိန်ရှိတတ်ပါတယ်။ အထီးသတ္တဝါတွေဟာ အမအုပ်စုနဲ့ရောနှောနေလေ့မရှိဘဲ မိတ်လိုက်ချိန်မှသာ ပူးပေါင်းတတ်ပါတယ်။ Greater Kuduအမတွေကတော့ အုပ်စုဖွဲ့နေတတ်ပြီး တစ်အုပ်စုမှာ (၂၅)ကောင်အထိ ရှိတတ်ပါတယ်။

https://s9.kh1.co/__image/w=600,h=439,q=100/d5/d5b5c3306a974959269e7e326e266fa55c2d04f0.jpg

Okapi

https://s9.kh1.co/__image/w=600,h=378,q=100/52/523970e3d2cbc3eabfc0a2351d782dc2ab67d932.jpg

Okapi သတ္တဝါကတော့ ရှားပါးလှတဲ့ သစ်ကုလားအုတ်မျိုးနွယ်ဝင် ဖြစ်ပြီး ၎င်းတစ်မျိုးတည်းသာ ကမ္ဘာပေါ်မှာ ရှင်ကျန်ခဲ့ပါတော့တယ်။ အလွန်ရှားပါးပြီးမျိုးသုဉ်းဖို့အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သတ္တဝါဖြစ်ပါတယ်။ အမြင့်မှာ ၈ ပေအထိ ရှိနိုင်ပြီး အလေးချိန်မှာ ၈၀ မှ ၃၁၀ ကီလိုဂရမ်အထိ ရှိနိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=855,q=100/3c/3c740352dacd44f52dc0ab6ccb19b6c61e0338d1.jpg

Shoebill

https://s9.kh1.co/__image/w=600,h=903,q=100/e6/e66e60d7432f6ed2cc2b21fea1230184b2e56396.jpg

Shoebill ငှက်ကတော့ အာဖရိကရဲ့ ရှားပါး ငှက်မျိုးဖြစ်ကာ ထူးခြားတဲ့ ငှက်တစ်မျိုးဖြစ်ပြီး ၉ လက်မလောက်အထိ အရှည်ရှိတဲ့နှုတ်သီးကြီးကြောင့် လူတွေရဲ့ စိတ်ဝင်စားချစ်ခင်မှုကို ခံရတဲ့ ငှက်လည်း ဖြစ်ပါတယ်။ရေကြက်မျိုးရင်းဝင် ဖြစ်ပြီး အင်းအိုင်တွေမှာ တွေ့ရလေ့ရှိပါတယ်။ငှက်ကြီးမျိုးဖြစ်ပြီး ၄ ပေအထိ အမြင့်ရှိကာ ၄ မှ ၆ ကီလိုဂရမ် အလေးချိန်ရှိတတ်ပါတယ်။လူတွေကို ရန်ပြုတတ်ပြီး ဖွတ်၊ ကြွက်၊ ရှဥ့်-တို့ကိုလည်း တိုက်ခိုက် စားသောက်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=293,q=100/14/14189871304221a4e1d81cbb0c1ecc36447a6bdc.jpg

Mantled Guereza

https://s9.kh1.co/__image/w=600,h=729,q=100/5e/5e431bdbc2aaf220070d3490b997efacc2ee6384.jpg

အာဖရိကရဲ့ ရှားပါးမျောက်တစ်မျိုးဖြစ်ကာ အဖြူနဲ့အနက် အမွေးများနဲ့ အလွန်လှပပြီး အမြဲစိမ်းတောတွေရဲ့ သစ်ပင်အုပ်အုပ်တွေမှာ တွေ့ရလေ့ရှိပါတယ်။အုပ်စုလိုက်နေတတ်ပြီး ကောင်ရေ ၃ ကောင်မှ ၁၅ ကောင်အထိ ပါဝင်တတ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/47/47205f56ec774139cbac4f42f50308eb06a8ef80.jpg

Grey Crowned Crane

https://s9.kh1.co/__image/w=600,h=400,q=100/e9/e9daaf8ea6e7b327abc6dba533b9fe16d45a6265.jpg

အလွန်လှပတဲ့ Grey Crowned Crane ငှက်ကတော့ မီးခိုးရောင်လည်ဆံမွေး အပြာရောင်၊ အဖြူရောင်ရောထားတဲ့ ခန္ဓာကိုယ်အမွေးတွေနဲ့အတူ ဦးခေါင်းမှာလည်း ရွှေရောင်အမောက်ပါဝင်လို့ ချစ်စရာကောင်းပါတယ်။ အသိုက်ဖွဲ့နေတတ်ပြီး ရန်သူနဲ နီးတယ်လို့ ပင်ကိုယ်အသိစိတ်က သိတာနဲ့ အသိုက်ချက်ချင်း ပြောင်းတတ်ပါတယ်။အသိုက်တစ်ခုမှာ ဥ ၂လုံးမှ ၅ လုံးအထိ ဥ တတ်ပါတယ်။

https://s9.kh1.co/__image/w=600,h=407,q=100/7c/7cdde32646daf7017a7eed0dfb94d27a155c00c9.jpg

သတင်း အရင်းအမြစ်Wildlife

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T