နှစ်သစ်မှာ roster အသစ်နဲ့ ပြန်ထွက်ပေါ်လာတဲ့ Dendi ကြီးရဲ့ B8

//s9.kh1.co/0e/0e1f9513ce50b0510d870c9dd09c8641e2fd6c70.jpg
အားကစားသတင်းများ

 ၀၃-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

Photo credit - B8 facebook page
Photo credit - B8 facebook page

Dota 2 Legend ကြီးတစ်ယောက်ဖြစ်တဲ့ Dendi ကတော့ 2021 ခုနှစ်အစမှာ သူ့ရဲ့အသင်းဖြစ်တဲ့ B8 ရဲ့ roster ကိုအကောင်းဆုံး ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။

B8 ဟာ 2020 ခုနှစ် 12 လပိုင်း 7 ရက်နေ့မှာ အသင်းရဲ့ carry player ဖြစ်သူ Crystallis နဲ့ po 5 player ဖြစ်သူ Fishman တို့အသင်းက ထွက်ခွာသွားပြီးနောက်မှာ qualifier တွေကိုတောင် ဝင်ပြိုင်ခြင်း မရှိတော့ဘူး။

အဲ့ဒီနောက် မနေ့က 2021 ခုနှစ် 1 လပိုင်း 2 ရက်နေ့မှာတော့ offlaner ဖြစ်သူ LastHero ကပါ အသင်းကနေထွက်ခွာသွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သူတို့နေရာမှာ Rdo, Sexyfat နဲ့ Duster တို့ကို ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့ကြောင့် B8 ရဲ့ လက်ရှိ roster အပြည့်အစုံကတော့

Po 1- Rdo

Po 3- Dendi

Po 3- Sexyfat

Po 4- 5up

Po 5- Duster

တို့ပဲ ဖြစ်ပါတယ်။

B8 အနေနဲ့ ဒီ roster အသစ်နဲ့အတူ နှစ်သစ်မှာ ကောင်းမွန်တဲ့ ရလာဒ်တွေ ပိုင်ဆိုင်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

သတင်း အရင်းအမြစ်B8 facebook page

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T