မျက်လုံးနဲ့ အပြင်မှာ မြင်တွေ့ဖို့ ခတ်ခဲလှတဲ့ ထူးထူးဆန်းဆန်းအကောင်

//s9.kh1.co/dc/dc1920c7284457d88535c5bc5828eaaa2f7e1bde.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

Trasier ဆိုတဲ့အကောင်လေးတွေဟာ သေးငယ်လွန်းပီး ၁၂စင်တီမီတာအရှည်လောက်ပဲရှိပါတယ်။ဒါပေမယ့် သူတို့ရဲ့အမြီးကတော့ ခန္ဓာကိုယ်ထက်ပိုမိုရှည်လျားပီး ၂၀စင်တီမီတာလောက်ရှည်ပါတယ်။ဒီအကောင်လေးတွေရဲ့အလေးချိန်ဟာအများဆုံး(၁၀၀ )ဂရမ်လောက်သာရှိကြတာပါ။ သူတို့ဟာသေးငယ်တဲ့ ပုတက်၊ငါးနဲ့အင်းဆက်တို့ကိုသာစားသုံးကြပီး ညဘက်မှသာအစာရှာထွက်လေ့ရှိကြပါတယ်။ 

https://s9.kh1.co/__image/w=600,h=375,q=100/d3/d3944aae025be4bd71f3e05c61da676326cb8725.jpg
https://s9.kh1.co/__image/w=600,h=600,q=100/72/729042ca1e1902f653eed64eafe5913f7c7927e9.jpg

Tarsier အကောင်လေးတွေရဲ့ပုံစံဟာ အလွန်ထူးဆန်းလှပီး မီးခိုးရောင် ခန္ဓာကိုယ်နဲ့ မျက်လုံးကတော့ အညိုရောင်ခပ်ကြီးကြီးဖြစ်ပီး ညဘက်မှာကောင်းစွာမြင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ သူတို့ရဲ့မျက်လူံးဟာဘယ်လောက်ကြီးသလဲဆိုရင် သူတို့ရဲ့ဦးနှောက်ထက်တောင် ပိုကြီးပါသေးတယ််။ ဒီ့အပြင် ခြေချောင်းတွေဟာ ခန္ဓာကိုယ်ထက်ပိုရှည်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=445,q=100/df/df716e272013cda68e74fa3cb789a30bfc5af11e.jpg
https://s9.kh1.co/__image/w=600,h=398,q=100/75/75f1aceb28d6718e1328adc3251e14ac66bdf322.jpg

Trasier လေးတွေဟာကြီးမားတဲ့ခြေချောင်းတွေရှိတာကြောင့် ၃မီတာအကွာအသေးရှိတဲ့ သစ်ပင်တစ်ပင်နဲ့တစ်ပင်ကို ခုန်ကူးနိုင်ပါတယ်။သူတို့ရဲ့ခြေချောင်းတွေကိုသေချာကြည့်ရင် လူတွေရဲ့လက်ချောင်းနဲ့တောင် တူနေပါတယ်။ သူတို့ဟာအင်ဒိုနီးရှားနဲ့ဖိလစ်ပိုင် နိုင်ငံတို့မှာသာ ကျက်စားကြပါတယ်။ အာ့ဒီဒေသမှာနေထိုင်တဲ့ ဒေသခံတွေကတော့ သူတို့ပုံစံဟာထူးဆနိးလွန်းလို့ " Hantu " လို့ခေါ်ပီး “ သရဲ ” လို့အဓိပ္ပါယ်ရပါတယ်။

https://s9.kh1.co/__image/w=600,h=409,q=100/15/151748c72ac5d15cc62ab51265c4fcb9cabfbca9.jpg
https://s9.kh1.co/__image/w=600,h=337,q=100/45/4508b287f8190b69e72c2bdced81affb88861373.jpg

သတင်း အရင်းအမြစ်Wild Life

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T