ပင်လယ်ကြမ်းပြင်အောက်မှာ ယနေ့တိုင် နစ်မြုပ်နေတဲ့ ထူးထူးဆန်းဆန်း ယာဉ်ပျံ

//s9.kh1.co/d6/d63a898c8577b7cdaa482bef3d49c121881369be.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

၂၀၁၁ ခုနှစ်က ဘောလ်တစ်ပင်လယ် အောက်ခြေမှ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ် ။ ထို ရုပ်ကြွင်းအား ပညာရှင်များက ကမ္ဘာမြေပြင်ကို ဝင်ရောက် တိုက်မိသော ယူအက်ဖ်အို တစ်ခုမှ ပြင်ပဂြိုလ်သား တစ်ယောက် ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ တချို့ ပညာရှင်တွေကလည်း သဘာ၀ ပထဝီဆိုင်ရာ ဖွဲ့စည်းမှုကြောင့် ဖြစ်လာသော အရာတစ်ခုလည်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

https://s9.kh1.co/__image/w=600,h=450,q=100/5d/5d821be3e570f3d18291613e8d2ce28925abb3d4.jpg
https://s9.kh1.co/__image/w=600,h=341,q=100/84/84a144b640d82ab34294c226ba575ca16aec8fdb.jpg

ဘောလ်တစ် ပင်လယ်အောက်တွင် ယူအက်ဖ်အိုကို တွေ့ခဲ့သည်ဟု ဆိုခဲ့တဲ့ ရေငုပ်အဖွဲ့ခေါင်းဆောင် ပီတာ လင်းဒ်ဘာ့ဂ်ကတော့ ရေအောက် မည်သည့်နေရာတွင် ယူအက်ဖ်အိုကို တွေ့ခဲ့သည်ဆိုသည့် အချက်ကို အတိအကျ မပြောပြနိုင်ခဲ့ပါဘူး။ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း တက္ကသိုလ်မှ ဘူမိဗေဒ တွဲဘက်ပါမောက္ခ ဘော်လ်ကာဘရူချတ်ကတော့ အဆိုပါ ရုပ်ကြွင်း ဟာပုံမှန် မဟုတ်သော ဘောလ်တစ်ကျောက် အပိုင်းအစ တစ်ခုသာ ဖြစ်ကြောင်း၊ ရေခဲတောင်တစ်ခု တည်ရှိခဲ့ သောနေရာမှ အနယ်ကျခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/50/50b2f135a3f1318bbac87b0e03b671d01d5b6341.jpg
https://s9.kh1.co/__image/w=600,h=316,q=100/97/979a368b8b95dc2f3daa203376592fb717b4de1a.jpg

အဆိုပါ ဂြိုလ်သား ယာဉ်ပျံနဲ့ ပတ်သက်ပြီး ယခုအချိန်အထိ အပြန်အလှန် အငြင်းပွားနေကြပြီး ယနေ့အချိန်အထိ ဂဃနဏ အဖြေတစ်ခုကို မထုတ်ပေးနိုင်ကြသေးပါဘူး ။ ဂြိုလ်သားရှိတယ်လို့ မယုံကြည်တဲ့သူတွေကြား ယနေ့အချိန် အပြိုင်အဆိုင်ငြင်းနောကတုန်းပဲ ဖြစ်ပါတယ်။ စာ ဖတ်နေတဲ့ ပရိသတ်ကြီးလည်း ဖြစ်နိုင်လား ၊ မဖြစ်နိုင်ဘူးလား ဆိုတာကတော့ မိမိဘာသာ တွေးကြည့်ကြည့်ပါနော်။

https://s9.kh1.co/__image/w=600,h=221,q=100/df/df14a5384bba10eb25bde3036288b59f3c0b5f82.jpg
https://s9.kh1.co/__image/w=600,h=400,q=100/cb/cb904b57eeb4fc421cabcf5b9c13ddb5e9ba8441.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T