ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီးပေါ်မှာရှိတဲ့ ထူးဆန်းအံ့ဩဖွယ်ရာများ

//s9.kh1.co/d4/d4d214fad5c1121c77c530835dd2a30f8d910be0.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာ့အကြီးဆုံး ပင်လယ်ကူးခရီးသွား သင်္ဘောကတော့ နာမည်ကြီးသဘောၤခရီးသွားကုမ္ပဏိဖြစ်တဲ့ Royal Caribbean ကတည်ဆောက်ခဲ့တဲ့ Harmony of the Seas အမည်ရတဲ့ သင်္ဘောကြီးပဲ ဖြစ်ပါတယ်။ အရှည် ၁၁၈၈ပေ ၊ အကျယ် ၂၁၅.၅ပေ ၊ အမြင့် ၂၁၀ပေ ရှိပြီး ၂၀၁၃ ခုနှစ်တွင် စိန့်နာဇိုင်ရီမြို့ရှိ ပြင်သစ်သင်္ဘောကျင်း STX မှာ စတင်တည်ဆောက်ခဲ့ပါတယ်။Harmony သင်္ဘောဟာ တိုက်တန်းနစ်သင်္ဘောကြီးထက် ပေ ၃၃၀ နီးပါး ပိုမိုရှည်လျားကြောင်း သိရပါတယ်။ ဒီသင်္ဘောကြီးကို ၂၀၁၅ မှာတော့ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၁.၃၅ဘီလျံ ကုန်ကျခဲ့ပါတယ်။ အလေးချိန်အားဖြင့်တော့ တန်ချိန်ပေါင်း ၁၂၀၀၀၀ ရှိပါတယ်။ အမြန်နှုန်းကတော့ ၁နာရီကို ၂၉မိုင် သွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/d8/d897866cf3ba8e66fcae1a097c209497d93918bd.jpg
https://s9.kh1.co/__image/w=600,h=375,q=100/0c/0ca28b7d373348b3a72efc1935a7d8bd9cb0798c.jpg

သင်္ဘောကြီးကို သင်္ဘောကျင်းကနေ ရေချရာမှာ ဆွဲသင်္ဘောခြောက်စင်း၏ အကူအညီဖြင့်ချခဲ့ရပြီး ဒီရေချမှုကို လူပေါင်း ၇သောင်းကျော် လာရောက်ကြည့်ရှု့ခဲ့ပါတယ်။ ပထမဆုံး စမ်းသပ်ခရီးစဉ်အနေနဲ့ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန်မြို့ကိုပြေးဆွဲခဲ့ပြီး အဲဒီနောက်တော့ စပိန်နိုင်ငံ ဘာစီလိုနာဆိပ်ကမ်းမှာ ရပ်နားခဲ့ပါတယ်။ ဘာစီလိုနာပြီးတဲ့အခါမှာတော့ ၇ညအိပ်ခရီးစဉ်တွေဖြစ်တဲ့ အီတလီ နဲ့ အမေရိကန်တို့ကိုပြေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။သင်္ဘောကြီးပေါ်မှာ အပင်ငယ် ၁၀၀၀၀ ကျော်နဲ့ အပင်ကြီး ၅၇ ပင် စိုက်ပျိုးထားတဲ့ဥယျာဉ်ပါဝင်ပါတယ်။ အထပ်ပေါင်း ၁၈ထပ် ရှိပြီး စားသောက်ဆိုင် ၁၆ ဆိုင် ၊ ကော်ဖီဆိုင်နဲ့ ဈေးဝယ်စင်တာများ ၊ အားကစားခန်းမများ ၊ ရုပ်ရှင်ရုံများလည်း ပါဝင်ပါသတဲ့။ ဒါ့အပြင် သင်္ဘောကြီးထဲမှာ လှိုင်းစီးနိုင်ရန် လှိုင်းအတုများ ဖန်တီးပေးသည့် နေရာနှစ်ခု၊ ကျောက်တောင်တက်ရန် နံရံတစ်ခုနှင့် ရေခဲစကိတ်ကွင်း အစရှိသည်တို့လည်းပါဝင်ပါသေးတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/10/107b85b85b36c587b1859e6a01cc1d72e55e4e11.jpg

ခရီးသည်ပေါင်း ၅၄၇၉ဦး နဲ့ သင်္ဘောဝန်ထမ်း ၂၃၀၀ဦးလိုက်ပါ စီးနင်းနိုင်ပါတယ်။ အတန်းအစားအမျိုးမျိုးရှိတဲ့ အခန်းပေါင်း ၂၇၄၇ခန်း ပါဝင်ပါတယ်။ ကာစီနိုရုံ ၊ အနုပညာခန်းမ ၊ ရေသတ္တဝါပြတိုက် ၊ ဘတ်စကတ်ဘောကွင်း ၊ ဂေါက်ကွင်းအသေးစားတစ်ခု စသည်ဖြင့် စီးနင်းသူတွေအတွက် အပန်းဖြေစရာနေရာများစွာလည်း တစ်ပါတည်းပါရှိပါတယ်။ ဒါ့အပြင် မြန်နှုန်းမြင့်အင်တာနက်ကိုလည်း သုံးနိုင်ပါသေးတယ်။ ဈေးနှုန်းကတော့ ၇ ည အိပ်ခရီးစဉ်အတွက် ဒေါ်လာ ၁၀၀၀ ကျော်က စလို့ အဆင့်ဆင့်ကျသင့်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/0f/0f496fc0ce6119d85c018be9b1f2636b6644139d.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T