ကမ္ဘာ့‌ေရှးအကျဆုံး နဲ့ သက်တမ်းအရင့်ဆုံး ဖြစ်တဲ့ ဦးခေါင်းခွံ

//s9.kh1.co/b8/b8fd14a5cec084521e523780bb64f73b4bafe115.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မတူညီသော လူသားမျိုးစိတ် များစွာသည် လွန်ခဲ့သော နှစ်ပေါင်း ၂သန်းခန့် ကတည်းက ကမ္ဘာပေါ်တွင် ယနေ့လူသားများကဲ့သို့ လမ်းလျှောက်ကာ လှုပ်ရှားသွား လာလျက်ရှိ ကြောင်း ကောက်ချက်သစ်ကို ချခဲ့သည်။ ယင်းစိတ်ကူးသည် ဂျော်ဂျီယာနိုင်ငံတွင် ဘူမိပညာရှင်တစ်စုက နှစ်ပေါင်း ၁ ဒဿမ ၈ သန်း သက်တမ်းရှိ ဒမန်းနစ်ဦးခေါင်းခွံ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ ရာမှ စတင်ခဲ့သည်။ နောက်ဆုံး တွေ့ရှိထားသော ဦးခေါင်းကျောက်ဖြစ်ရုပ်ကြွင်းသည် အာဖရိကနှင့် ယူရေးနီးရှားတွင် တွေ့ရသော တစ်စိတ်တစ်ပိုင်း ရုပ်ကြွင်းထက်ပို၍ ပြည့်စုံနေသည်။ 

https://s9.kh1.co/__image/w=600,h=420,q=100/53/5352c8c529e4d1b50f11e465ed79808f2ae015f3.jpg
https://s9.kh1.co/__image/w=600,h=300,q=100/48/48c14db7783cfacc319c121e6e4a8bf80c3b5f55.jpg

Science ဂျာနယ်တွင် ဖော်ပြချက်မှာ လူသားမျိုးစိတ်ရင်း များဖြစ်သော ဟိုမိုဟာလ်လစ်၊ ဟိုမိုရူဒိုလ်ဖန်ဆစ်နှင့် ဟိုမိုအဲရ်တက်စ် စသောမျိုးစိတ်များသည် ယနေ့ခေတ် လူသားတို့၏ ဖြစ်စဉ်ကို ဦးတည့်ကာ ရှေးအခါက ရှင်သန်နေထိုင်ခဲ့ကြကြောင်း ဖော်ပြထာသည်။ လွန်ခဲ့သော ရှစ်နှစ်ခန့်က အာဖရိကတွင်တွေ့ရသော လူသားကျောက်ဖြစ် ရုပ်ကြွင်းသည် နှစ် ၂ဒဿမ၄သန်း သက်တမ်းရှိသဖြင့် သက်တမ်းပိုရင့်သော်လည်း ယခုရုပ်ကြွင်းကဲ့သို့ ပြီးပြည့်စုံမှု မရှိပေ။ ဂျော်ဂျီယာနိုင်ငံ Tbilisi မြို့ ဂျော်ဂျီယာ အမျိုးသားပြတိုက် ပညာရှုင် David Lordkipanidze က သူတို့အဖွဲ့သည် ရှေးကျသော ဟိုမိုမျိုးစိတ်များအတွက် အကောင်းဆုံး အထောက်အထားကို ရရှိထားကြောင်း၊ တစ်ချိန်က လူသားတို့၏ အရင်းအမြစ်ကို ဖော်ထုတ်ရာတွင် မရေရာမှုများ ရှိသော်လည်း ယခုအခါ ဟိုမိုမျိုစိတ်များက လက်ရှိလူသားတို့၏ အဖြစ်သို့ ဦးတည်နေသည်ကို ရှင်းလင်းစွာ တွေ့ရကြောင်း ဆိုသည်။

https://s9.kh1.co/__image/w=600,h=301,q=100/a7/a787bffa3ff47a891d2d15c3a2606d4fa026e787.jpg
https://s9.kh1.co/__image/w=600,h=400,q=100/e1/e18ce78a7d6d0f4ed734d09d1fe18cb2b39e8c6d.jpg

သို့သော် အချို့သော ပညာရှင်များကမူ ကောက်ချက်သစ်ကို လက်မခံကြပေ။ ယခုဘူမိဗေဒ သုတေသီ အဖွဲ့ တစ်ဖွဲ့မှ တွေ့ရှိခဲ့သော ဦးခေါင်းခွံသည် သွားများကြီးခြင်း၊ မျက်နှာပြင် ရှည်ခြင်း တို့သည် ဟိုမိုဟာလ်လစ်မျိုးစိတ်ဘက်သို့ ယိမ်းနေပြီး သေးငယ်သည့် ဦးခေါင်းခွံမှာ ဟိုမိုအဲရ်တက်စ် သဘာဝနှင့် အလွန်နီးစပ် နေသည်။ ယင်းအပြင် နောက်ဆုံးရှာဖွေတွေ့ရှိမှုက ရလာသော ဦးခေါင်းခွံသည် ကမ္ဘာပေါ်တွင် တွေ့ဖူးသမျှ ရုပ်ကြွင်းများအနက် လူသားဦးခေါင်းနှင့် အတူဆုံးဖြစ်နေသည်။

https://s9.kh1.co/__image/w=600,h=338,q=100/1f/1f185621db28a61eb92932ca02b99cfffc160683.jpg
https://s9.kh1.co/__image/w=600,h=306,q=100/52/5297aecc3d5ea7018f0495b9a2ec9816625e7404.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T