သင်းခွေချပ်အကောင်လေးတွေရဲ့ လူသိပ်မသိတဲ့ ထူးခြားချက်များ အကြောင်း

//s9.kh1.co/ae/aede39ec2ae6babd74e894b48eed501008d6a858.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သင်းခွေချပ်ကောင်လေးတွေဟာ အလွန်အင်မတန်မှထူးဆန်းလှတဲ့ အကောင်လေးတွေပဲဖြစ်ပါတယ်။သူတိုကရဲ့လျှာဟာ သူတို့ခန္ဒာကိုယ်ထက်ပိုမိုရှည်လျားလှပါတယ်။ အရွယ်ရောက်ကာစ သင်းခွေချပ်အကောင်ပေါက်လေးတွေဟာ မိခင်ရဲ့အမြီးှပေါ်မှာ စီးနင်းလိုက်ပါကြပါတယ်။ ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက်လည်း သင်းခွေချပ်တွေဟာသူတို့ကိုယ်သူတို့ ပုံစံပြောင်းတဲ့ နည်းလမ်းကို အသုံးပြုကြပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/58/58ecc4256610cf015778b21c61f59727dc42c85f.jpg
https://s9.kh1.co/__image/w=600,h=312,q=100/39/39e5230b00304d4a357f68310165b68de9475939.jpg

လူသားတွေမှလွဲ၍ သူတို့ရဲ့ လိပ်ခွေနေတဲ့ခန္ဓာကိုယ်အခွေကို ဘယ်သတ္တဝါမှ မဖြည်နိုင်ကြပါဘူး။ သို့သော်လည်း ဒီလိုသင်းခွေချပ်လေးတွေအပေါ် လူသားတွေရဲ့ ကြိုက်နှစ်သက်မှုများပြားလာတဲ့အတွက် မျိုးတုန်းခံရမယ့်ဘေးနဲ့ ကြုံတွေ့နေကြရပါတယ်။ စစ်တမ်းများအရ သင်းခွေချပ်အကောင်လေးများဟာ ကမ္ဘာပေါ်တွင် ကုန်ကူးခံရမှုအများဆုံး နို့တိုက်သတ္တဝါလေးတွေဖြစ်တယ်လို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=600,h=458,q=100/f3/f307d089310287fc245150243ceef535c10fea56.jpg
https://s9.kh1.co/__image/w=600,h=401,q=100/eb/eb993b8f0611607a8db0ab8ca334b6d6e8c7ca4d.jpg

ကမ္ဘာပေါ်တွင် သင်းခွေချပ်တစ်ကောင်ဟာ ၅မိနစ်တိုင်းသေဆုံးနေရပြီး သူတို့ရဲ့အကြေးခွံတွေကို တရားမဝင်တဲ့ ဆေးဝါးတွေဖော်စပ်တဲ့နေရာမှာ အသုံးပြုနေရတယ်လို့ သိရပါတယ်။ မြန်မာလူမျိုးတွေမှာလည်း သင်းခွေချပ်နဲ့ ပက်သက်ပြီး အယူတွေရှိပါတယ်။ ဒါကတော့ တောကြီးမျက်မည်းထဲရောက်ရင် လူတွေရဲ့ နာမည်ခေါ်သံအတိုင်း လိုက်ခေါ်လေ့ရှိကြပါတယ်။ထိုခေါ်သံကို ပြန်လည်ထူးခဲ့မည်ဆိုလျှင်တော့ တောရဲ့လှည့်စားမှုကို ခံရပြီး သေဆုံးနိုင်တယ်လိုက အယူရှိခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/1d/1dc36b08a739c154a946c239615f855cac48d66c.jpg
https://s9.kh1.co/__image/w=600,h=446,q=100/ed/edcff0d2f8ced65d1cc1a447839df62e18729ca1.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T