Samsung Myanmar မှ အသုံးပြုရာတွင်ပိုမိုလွယ်ကူအဆင်ပြေစေရန် ထပ်မံဆန်းသစ်ထားသော ဒီဇိုင်းနှင့် 4K resolution ရုပ်ထွက်အားအရည်အသွေးရှိ 360 ဒီဂရီကင်မရာနှင့်အတူ Oculus အခြေပြု Samsung ကုမ္ပဏီ၏ ပထမဆုံး controller ပါရှိလာသော Gear VR headset အသစ်ဖြစ်သည့် Samsung Gear VR တို့အားပြည်တွင်းတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

“သုံးစွဲသူတွေအနေနဲ့ ကိုယ်ပိုင်အတွေ့ကြုံတွေကိုဗီဒီယိုရိုက်ကူးပြီး ပြန်လည်မျှဝေလာကြတာနဲ့အမျှ Samsung အနေနဲ့ ဒီဂျစ်တယ်ဆိုင်ရာဗီဒီယိုတွေကိုပိုပြီးလွယ်လွယ်ကူကူနဲ့ ဖန်တီး၊ မျှဝေ ကြည့်ရှုနိုင်စေဖိို့အတွက် တွဲဖက်ချိတ်ဆက်ပြီးအသုံးပြုနိုင်တဲ့ ထုတ်ကုန်တွေကိုဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

ထိန်းချုပ်ကိရိယာ (Controller) ပါဝင်သော Gear VR သည့် Samsung ၏ သဘာဝနှင့်အနီးစပ်ဆုံးတူသော ပုံရိပ်ယောင် ဂေဟစနစ် (Virtual Reality Ecosystem) အားထပ်မံတိုးမြှင့်ဖန်တီးထားပြီးသုံးစွဲသူများအနေဖြင့် Gear VR အသုံးပြုမှုအတွေ့အကြုံကို ပိုမိုလွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်ရန် ဖန်တီးထုတ်လုပ်ထားသည်။ပေါ့ပါး၍ကျစ်လျစ်သောဒီဇိုင်းနှင့် Gear 360 သည် အရည်အသွေးမြှင့်တင်ထားသောလုပ်ဆောင်ချက်များနှင့်အတူ Samsung VR ecosystem အားတိုးချဲ့ထားသောကြောင့် အရည်အသွေးမြင့် ပုံရိပ်တွေကိုရရှိနိုင်မည်ဖြစ်သည်။ နောက်ဆုံးထွက်ရှိထားသည့် Samsung Gear VRကို Galaxy S7၊ S7 edge၊ Note 5၊ S6 edge+၊ S6 နှင့် S6 edge တို့ဖြင့်တွဲဖက်အသုံးပြုနိုင်မည်ဖြစ်သည်။Samsung Gear 360 အား ၂,၇၂,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး Gear VR အား ၁,၄၂,ဝဝဝကျပ်ဖြင့် မြန်မာနိုင်ငံရှိ Samsung အရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Aung

သတင်းအရင်းမြစ် Samsung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။