သဘာဝအတိုင်းထပ်တူကျသောဒစ်ဂျစ်တယ်ပုံရိပ်များကိုုပေးစွမ်းနိုုင်ရန်Gear360တွင်4Kအရည်အသွေးရှိဗွီဒီယိုရိုုက်ကူးနိုင်သောလုုပ်ဆောင်ချက်ကိုုပထမဆုုံးအကြိမ် ထည့်သွင်းပေးထားသည်။ 

8.4 megapixel ပုုံရိပ် sensor များနှင့် fisheye မှန်ဘီလူး ၂ ခုုတွင် Bright Lens F2.2 ပါရှိသော Gear 360 သည် အရည်အသွေးမြင့် ပုုံရိပ်များကိုဖန်တီးနိုင်သည်။The Gear 360 တွင် ပုုံရိပ်များကိုအဆင်ပြေချောမွေ့စွာ ကြည့်ရှု၊ ပြင်ဆင်၊ ဝေမျှပေးနိုုင်သော Samsung ၏ ဆန်းသစ်သောနည်းပညာနှင့် ဝန်ဆောင်မှုများကိုုအခြေခံအသုုံးပြုထားသည်။ အသုုံးပြုသူများသည် 360 ဒီဂရီဗွီဒီယိုု (သိုု့) ဓာတ်ပုုံများကိုုဖန်တီရာတွင် ကိုုယ်ပိုင်ပြုပြင်ထားသောပုုံရိပ်များကိုဖန်တီးနိုုင်ရန် မတူညီသောဓာတ်ပုံ effect နှင့် filer များ၊ ပြင်ဆင်မှုဆိုုင်ရာ tool များကိုုအသုုံးပြုနိုုင်သည်။ ထို့အပြင် သုုံးစွဲသူများသည် 360 ဗွီဒီယိုများကိုဝေမျှနိုုင်ရန် သတ်မှတ်ထားသောစံနှုန်းပုုံစံ (standard format) သိုု့ အလွယ်တကူပြောင်းနိုုင်သည်။

“ 360 ဒီဂရီဘက်ပေါင်းစုံလူနေမှုဘဝတိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှုနှင့် အစဉ်အမြဲချိတ်ဆက်ဆက်သွယ်နိုင်”

Gear 360 တွင် အချိန်နှင့်တပြေးညီအကြောင်းအရာများ မျှဝေနိုင်ခြင်းအားထည့်သွင်း မိတ်ဆက်လိုက်သည်။ Gear 360 အား ၎င်းနှင့် ကိုက်ညီသည့် စမတ်ဖုန်းသို့မဟုတ် ကွန်ပျူတာနှင့် ချိတ်ဆက်ထားချိန်တွင် သုံးစွဲသူများအနေဖြင့် အကောင်းဆုံးသောကိုယ်ပိုင် အတွေ့အကြုံအားအရည်အသွေးမြင့် တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ခြင်းသို့မဟုတ် Facebook၊ YouTube နှင့် Samsung VR အစရှိသည့် အွန်လိုင်းပလက်ဖောင်းများသို့ တိုက်ရိုက်အွန်လိုင်းပေါ်သို့တင်ခြင်းတို့အား ပြုလုပ်နိုင်မည်ဖြစ်သည်။ 

“360 အတွေ့အကြုံအားပိုမိုခံစားနိုင်ရန် ထပ်မံတိုးမြှင့်ထားသောတွဲဖက်ချိတ်ဆက်အသုံးပြုနိုင်မှု”

Gear 360 အားသတ်မှတ်ထားသောစမတ်ဖုန်း နှင့် ကွန်ပျူတာအစရှိသည့် အခြားဆက်စပ်ပစ္စည်းများနှင့် တွဲဖက်အသုံးပြုနိုင်မည်ဖြစ်သည်။ နောက်ဆုံးထွက် Gear 360 အား Samsung flagship ထုတ်ကုန်များဖြစ်သောအသစ်ထွက်ရှိထားသည့် Galaxy S8 နှင့် Galaxy S8+ တို့အပါအဝင် Galaxy S7၊ Galaxy S7 edge၊ Galaxy Note 5၊ Galaxy S6 edge+၊ Galaxy S6၊ Galaxy S6 edge၊ Galaxy A5 (2017) နှင့် Galaxy A7 (2017) တို့နှင့် တွဲဖက်အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် Gear 360 သည် iOSထုတ်ကုန်များဖြစ်သည့် iPhone 7၊ iPhone 7 Plus၊ iPhone 6s၊ iPhone 6s Plus နှင့် iPhone SE တို့နှင့်အတူ Windows နှင့် Mac ကွန်ပျူတာများဖြင့်လည်းတွဲဖက်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ Samsung Gear 360 အား ၂,၇၂,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Aung 

သတင်းအရင်းမြစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။