Comic ပရိသတ်တွေရော ရုပ်ရှင်ပရိသတ်တွေပါ အသည်းစွဲဖြစ်တဲ့ Spidyလေးကတော့ ပိတ်ကားပြင်ထက် တစ်ဖန်ပြန်ရောက်လာပါပြီ။ ဒီတစ်ခါကတော့ ၁၅နှစ်အရွယ် အထက်တန်းကျောင်းသားလေး ပီတာပါကားတစ်ယောက် လူစွမ်းကောင်းတစ်ယောက်ဖြစ်ဖို့ ခက်ခက်ခဲခဲ အားကြိုးမာန်တက်ကြိုးစားနေတာ မြင်တွေ့ရမှာပါ။ 

ဇာတ်လမ်းအကျဉ်း(Spoiler Warning)

Civil War အပြီးမှာတော့ Spiderman တစ်ဖြစ်လဲ ပီတာပါကားတစ်ယောက် နောကထပ် စွန့်စားခန်းတွေ လုပ်ဆောင်ဖို့အတွက် စိတ်တွေလှုပ်ရှားနေသော်လည်း အန်ကယ်အရွယ် Iron Manဖြစ်တဲ့ တိုနီစဆော့ခ်က လုပ်စရာရှိရင် ခေါ်လိုက်မယ် လောဆယ် အေးဆေးနေဟု ပြောခဲ့သောကြောင့် အိမ်နီးနားချင်းတွေကို ကူညီရင်း Spidyလေးတစ်ယောက် ဘဝကိုဖြတ်သန်းနေပါတယ်။ တစ်ရက်မှာတော့ လင်းတပုံစံရှိ လူဆိုးတစ်ယောက်နှင့်သူ့၏အဖွဲ့ကို Spidyလေးမမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရာ….

Sony အနေနှင့် Marvelရဲ့Spiderman မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားသော်လည်း Marvelရဲ့လက်ရှိပိုင်ရှင် Disney နှင့်ညှိနှိုင်းကာ MCU ထဲကို Spiderman ဇာတ်ကောင်ကို စာချုပ်နှင့်ထည့်ထားသောကြောင့် ယခင် Civil War မှစတင်ကာ MCUတွင် Spidermanလေးပါဝင်လာပါတယ်။ ထို့ပြင် ယခု Homecoming တွင်လည်း Iron Man ပါဝင်လာတာတွေ့မြင်ရမှာပါ။ ပရိသတ်တွေအနေနှင့် Iron Manဇာတ်ကောင်က Spidyကိုလွှမ်းမိုးမှာစိုးရိမ်မိခဲ့သော်လည်း ဇာတ်ကားထဲတွင် Iron Man အနေနှင့် လိုတာထက်ပိုမို မပါဝင်ခဲ့တာက မှန်ကန်ခဲ့သည်။ ဗီလန် Vulture နေရာတွင် သရုပ်ဆောင်သော Batman မင်းသားဟောင်းမိုက်ကယ်ကီတန်နှင့်Spidyလေးအဖြစ် Tom Hollan တို့၏သရုပ်ဆောင်ပီပြင်မှုက ဇာတ်ကားကို ဇာတ်ရှိန်မြင့်နိုင်ခဲ့ပါတယ်။ Homecoming ကတော့ တော်တော်ကိုကောင်းမွန်တယ်လို့ပြောလို့ရသလို လူငယ်ဆန်ဆန်ရိုက်ပြထားကာ ၁၅နှစ်သားတစ်ယောက်၏ ဒုက္ခတွေကိုဖော်ပြနိုင်ခဲ့ပါတယ်။ ဝုန်းဒိုင်းကြမ်းပြီး လူဆိုးတွေကိုသတ်ပြပြီးတိုင်း စတိုင်ပေးဂိုက်ပေးကြမ်းပြတဲ့ အခြားMarvelဇာတ်ကောင်တွေနှင့် ကွဲလွဲနေတဲ့ ချစ်စရာ Spidyလေးကို မြင်တွေ့ရတာက တော်တော်ကို မိုက်ပါတယ်။

Ratings

IMDb – 8/10

Rotten Tomatoes – 92%

Metacritic – 73%

Myanmarload – 4.5/5

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။