ထိတွေ့မျက်နှာပြင် (Touchpad) သည် VRအက်ပလီကေးရှင်းများအားလျင်မြန်စွာရွေးချယ်မှုနှင့်လှုပ်ရှားမှုတို့အားပေးအပ်နိုင်သောကြောင့် လှုပ်ရှားမှု(Motion) ပုံစံအမျိုးအမျိုးကိုလုပ်ဆောင်စေနိုင်မည်ဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်များတွင် ထိတွေ့မျက်နှာပြင် (Touchpad) ပေါ်၌ ဆွဲယူလွှတ်ချခြင်း (drag and drop)၊ တိမ်းစောင်းခြင်း (tilt)၊ ပစ်ခြင်း (Shoot) စသည်တို့ပါဝင်ပြီး Trigger ခလုတ်သည် ဂိမ်းကစားရာတွင် အထူးကောင်းမွန်သောအတွေ့အကြုံကိုရရှိစေမည်ဖြစ်သည်။  

"ကြာရှည်စွာအသုံးပြုနိုင်ရန် အနည်းဆုံးလှုပ်ရှားမှု"

Home၊ Volume နှင့် Back ခလုတ်များအား Controller ပေါ်တွင် ထည့်သွင်းပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် အလိုရှိသည့် ခလုတ်အားအလွယ်တကူနှိပ်နိုင်သောကြောင့် မိမိကြည့်ရှုနေသောအကြောင်းအရာအပေါ်တွင် အပြည့်အဝအာရုံစူးစိုက်နိုင်မည်ဖြစ်သည်။

"အဆင်ပြေလွယ်ကူစွာကစားစေနိုင်မည့် ခိုင်မာမြဲမြံသောလက်ကိုင်"

အလျင်အမြန်လှုပ်ရှားမှုများ ပြုလုပ်နေစဉ်အတွင်းမှာပင် လက်ကိုင် (Controller) ၏ လက်ကောက်ဝတ်ပတ်ကြိုးသည် အဆင်ပြေလွယ်ကူ၍ မြဲမြံစွာကိုင်တွယ်စေနိုင်မည်ဖြစ်သည်။

"အမျိုးအစားစုံလင် များပြားလှသော ကြည့်ရှုမှုအတွေ့အကြုံ"

Controller ပါဝင်သော Gear VR တွင် 42mm အရွယ်အစားရှိမှန်ဘီလူးများနှင့် အတူ 101 ဒီဂရီ FOV (Field of View) နှင့် ရွေလျားမှုကြောင့် ဖြစ်ပေါ်တတ်သည့် မူးမော်ခြင်းအားလျှော့ချပေးရန် အဆင့်မြှင့်တင်ထားသောနည်းပညာအားထည့်သွင်းထားသည်။ Controller ပါဝင်သော Samsung Gear VR တွင် converter in-box နှင့်အတူ micro USB နှင့် USB Type-C နှစ်ခုစလုံးပါဝင်သည်။ ထပ်မံ၍ Gear VR တွင် Controller အားအသုံးမပြုသည့်အချိန်တွင် ထိန်းပေးထားမည့် ကြိုးတစ်ကြိုးအားလည်းheasdsetတွင်ထည့်သွင်းပေးထားသည်။ Gear VR အား ၁,၄၂,ဝဝဝကျပ်ဖြင့် မြန်မာနိုင်ငံရှိ Samsung အရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Aung

သတင်းအရင်းမြစ် Samsung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။