တယ်လီနောမြန်မာ(“တယ်လီနော”)သည် သုံးစွဲသူများအတွက် စျေးနှုန်းအချိုသာဆုံးအင်တာနက် ဒေတာ package အသစ်ဖြစ်သော ‘စုဘူး’ ကိုမိတ်ဆက် လိုက်ပြီ ဖြစ်ပါသည်။ 

ရက်ပေါင်း ၃၀ သက်တမ်းရှိသည့် ‘စုဘူး’ အစီအစဉ်များကို ၅၀၀ MB အတွက် ၇၉၉ ကျပ်မှစ၍ ၁၄ GB အတွက် ၁၉,၉၉၉ ကျပ်အထိဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ယခုအစီအစဉ်ကိုရယူထားခြင်းဖြင့် သုံးရန်ကျန်နေသေးသည့် ဒေတာများကိုဆက်လက် ယူဆောင်သွားနိုင်မည်ဖြစ်ပြီးထပ်မံစာရင်းသွင်းလိုက်သည့် အခါတိုင်းယင်းအကျိုးခံစားခွင့်များကို ထပ်မံဝယ်ယူသည့် ဒေတာများနှင့် ပေါင်း၍ ဆက်လက် အသုံးပြု သွားနိုင်မည် ဖြစ်ပါသည်။အသုံးပြုသူများ၏ အသံနှင့် စာတိုပေးပို့မှု ဝန်ဆောင်မှုများအတွက် နှုန်းထားများမှာမှု သုံးစွဲသူများရယူထားသည့် အစီအစဉ် များပေါ် မူတည်ပြီးသာကျသင့်မည် ဖြစ်ပါသည်။ ထို့ပြင် သုံးစွဲသူများသည် တယ်လီနော၏ အသံနှင့် ဒေတာ ဝန်ဆောင်မှု များကိုအခြေခံနှုန်းထား ၂ရကျပ်/မိနစ် နှင့် ၈ကျပ်/MB ဖြင့် ရယူသုံးစွဲနိုင်မည် ဖြစ်ပါသည်။ သုံးစွဲသူများ နှစ်သက်သည့် အသံဝန်ဆောင်မှု အစီအစဉ်ဖြစ်သော ‘စူပါပွား’ ကိုလည်းဆက်လက်ပေးအပ်နေမည် ဖြစ်ပြီးယင်းအစီအစဉ်ဖြင့် တယ်လီနောအချင်းချင်းခေါ်ဆိုမှုအတွက် တစ်မိနစ် ၁၈ ကျပ်နှုန်းသာကျသင့်မည် ဖြစ်ပါသည်။   

သုံးစွဲသူများအနေဖြင့် *979*2*2# သို့ ဖုန်းခေါ် ဆိုခြင်းဖြင့် ဖြစ်စေMyTelenor app မှတစ်ဆင့် ဖြစ်စေ၊ စာတိုပို့ခြင်းဖြင့် ဖြစ်စေ‘စုဘူး’အစီအစဉ်ကိုရယူနိုင် ပါသည်။ စာတိုမှတစ်ဆင့် မိမိ ကြိုက်နှစ်သက်သည့် စုဘူးအစီအစဉ်ကိုရယူရန် ၅၀၀ သို့ DSB500၊ DSB2GB၊ DSB5GB၊ DSB9GB နှင့် DSB14GB တို့ကိုပေးပို့ ရယူနိုင်ပါသည်။ အသုံးပြုနိုင်သည့် ဒေတာလက်ကျန်အခြေအနေကို *124*1# သို့ ဖုန်းခေါ်ယူစစ်ဆေးနိုင်ပါသည်။

Aung

သတင်းအရင်းမြစ် Telenor Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။