သမိုင်းထဲမှာရှိခဲ့တဲ့ လက်အဖြောင့်ဆုံး အမျိုးသမီးတစ်ဦးအကြောင်း

//s9.kh1.co/45/454ffed25e79124657533098c824a8e75963bd82.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တခါကနာမည်ကြီး show တခုဖြစ်တဲ့ Buffalo Bill’s Wild West Show မှာစွမ်းရည်ပြသဖျော်ဖြေခဲ့တဲ့ လက်ဖြောင့်အမျိုးသမီး သေနတ်သမားတဦးရှိခဲ့ပါတယ်။ သူမရဲ့နာမည်ကိုတော့ အန်နီအုတ်ကလေ လို့ခေါ်ပါတယ်။ သူမဟာအသက်ရှစ်နှစ်အရွယ်ကစပြီး သေနတ်ပစ်ဖူးခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=364,q=100/55/55a1cea7f8c2b0482699fd800f0014be00898930.jpg
https://s9.kh1.co/__image/w=650,h=325,q=100/e9/e9522fb0f1d95f7702570dfdac0fd0b37891ba21.jpg

သူမကို ၁၈၆၀ ခုနှစ်ကအိုဟိုင်းယိုးပြည်နယ်အနောက်ပိုင်းမှာနေတဲ့ ချို့ချို့တဲ့တဲ့ မိသားစုတစုကနေ မွေးဖွားခဲ့ပြီး သူမခြောက်နှစ်အရွယ်မှာ သူမအဖေဆုံးပါးသွားခဲ့ပါတယ်။ မိသားစုအတွက် အဲ့အရွယ်ကတည်းက သူမဟာ ငုံးစတဲ့သတ္တဝါငယ်လေးတွေကို ထောင်ဖမ်းတတ်နေခဲ့ပါပြီ။ သူမအမေရဲ့အပေါင်ဆိုင်ကအကြွေးကိုဆပ်ဖို့ သူမရဲ့သေနတ်ပစ်စွမ်းရည်ကိုအသုံးချခဲ့ပါတယ်။ သူမရဲ့အရပ်ဟာငါးပေပဲရှိပါတယ်။

https://s9.kh1.co/__image/w=556,h=640,q=100/a6/a6dd6c138c633149f36cc7a33e7ad3c27f1e26aa.jpg
https://s9.kh1.co/__image/w=620,h=450,q=100/4e/4e4d99d8580f62edd2d48cf630e934204237a18e.jpg

သူမဟာ ဥရောပတခွင်က ဘုရင်တွေ ဘုရင်မတွေကို ဖျော်ဖြေခဲ့ဖူးပါတယ်။ပထမကမ္ဘာစစ်အတွင်း အမျိုးသမီးလက်ဖြောင့်တပ်ကိုဦးဆောင်ပေးမယ်လို့ သူမကစစ်တပ်ကိုကမ်းလှမ်းခဲ့ဖူးပါတယ်။၁၈၉၈ မှာသူမဟာ သမ္မတ မက်ခင်လေ ထံ အမျိုးသမီးသေနတ်သမား ၅၀ ကိုအုပ်ချုပ်ပေးနိုင်ကြောင်းနဲ့ စပိန်-အမေရိကန်စစ်ပွဲမှာပါဝင် တိုက်ခိုက်ပေးလိုကြောင်း တွေပါတဲ့စာတစောင်ပို့ခဲ့ဖူးပါတယ်။ ဒါပေမယ့် သမ္မတဆီကစာတော့ပြန်မရခဲ့ပါဘူး။သူမဟာသောမတ်အက်ဒီဆင်နဲ့သိကျွမ်းခဲ့ပြီး ရု၁၈၉၄ မှာတော့ အက်ဒီဆင်ရဲ့ရုပ်ရှင်ပြစက်နဲ့ပြသတဲ့ရုပ်ရှင်တကားဖြစ်တဲ့ The Little Sure Shot of the Wild West မှာဖန်ဘောလုံးတွေကို ရိုင်ဖယ်သေနတ်နဲ့ပစ်ခွဲတဲ့အခန်းကို ဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်

သတင်း အရင်းအမြစ်Wikipedia

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T