ကမ္ဘာကြီးပေါ်က မျိုးတုန်းပျောက်ကွယ်သွားပြီးဖြစ်တဲ့ ရှေးအကျဆုံး ဆင်ကြီးများ

//s9.kh1.co/e1/e1550b12b889e0604eb5e41f422efa6705d57495.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သမိုင်းမတင်မီကျောက်ခေတ် တုန်းက ကျနော်တို့ခုလက်ရှိမှာ မတွေ့နိုင်တော့တဲ့ သတ္တဝါအကောင်ကြီးတွေ ရှိခဲ့ပါတယ်။ သဘာဝကပ်ဘေးဒဏ်တွေ ၊ ဥက္ကာပျံဝင်တိုက်တဲ့ ဒဏ်တွေကြောင့် မျိုးသုန််းပျောက်ကွယ် သွားကြရပါတယ်။ ဒီလိုမျိုးသုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါမျိုးစိတ်တွေထဲမှာ အမွေးရှည်ဆင်တွေလည်းပါ၀င်ပါတယ်။ အဆိုပါဆင်တွေဟာ ယခုခေတ်ဆင်တွေနဲ့မတူပဲ အမွှေးအမျှင်ရှည်ကာ အစွယ်မှာလည်း ပိုကြီးမားပါတယ်။

https://s9.kh1.co/__image/w=600,h=408,q=100/0d/0df221d17ff191ae6e0767c27b6efcc6bb3e3f8a.jpg
https://s9.kh1.co/__image/w=600,h=360,q=100/13/135acc04faf96f05d49a1c801481425cb98d85c9.jpg

အမွှေးရှည်ဆင်ကြီးတွေဟာ လွန်ခဲတဲ့ နှစ်ပေါင်း တစ်သောင်းလောက်အချိန်ကတည်းက တော်တော်များများ ပျောက်ကွယ်သွားကြကာ တချို့သောအကောင်တွေကတော့ ဘီစီ၂၅၀၀ ၀န်းကျင်လောက်အထိ အာတိတ်ဒေသမှာ ရှိခဲ့ပြီး ကျင်လည်ကျက်စားခဲ့ပါတယ်။ ယခုလို အမွှေးရှည်ဆင်တွေ မျိုးသုန်းရတဲ့ အကြောင်းရင်းအများအပြားဟာ ရာသီဥတုဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းတွေနဲ့ လူတွေရဲ့ အလွန်အကျူး အမဲလိုက်ခြင်းတွေကြောင့်ပဲဖြစ်ပါတယ်။အမွှေးရှည်ဆင်ကြီးတွေရှိခဲ့ကြောင်း သက်သေပြနိုင်တာကတော့ သူတို့ရဲ့ပရိုင်းမိတ် (သို့မဟုတ်) ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ကြလို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=302,q=100/e4/e486c12e2d17e9ee8b60c2955c2d5f3adf588b43.jpg
https://s9.kh1.co/__image/w=600,h=356,q=100/92/92f46f1db435120aeb75c6888fbb0acb21251532.jpg

ပညာရှင်တွေရဲ့ လေ့လာမှုအရ အမွှေးရှည် ဆင်ကြီးတွေရဲ့ အရွယ်အစားဟာ ၉ ပေမှ ၁၀ပေခန့်အထိ ရှိနိုင်ပြီး အလေးချိန်ကတော့ ၅တန် နဲ့ ရတန်ဝန်းကျင် ကြားမှာ ရှိနိုင်ပါတယ်။ ကြမ်းတမ်းရှည်လျားတဲ့အမွှေးတွေရှိပြီး ထိုအမွှေးတွေဟာ အေးခဲတဲ့ ရာသီဥတုမှာ နေနိုင်ဖို့အတွက် အထောက်အပံံ့ပေးနိုင်ပါတယ်။သူတို့ရဲ့ အစွယ်တွေဟာ ယခုဆင်တွေရဲ့ အစွယ်ထက် ပိုမိုကြီးအားပြီး ကွေ့ကောက်လွန်းပါတယ်။ ထိုအစွယ်တွေမှာ ပါ၀င်တဲ့ အရစ်တွေကိုကြည့်ပြီးတော့လည်း အမွှေးရှည်ဆင်တွေရဲ့ အသက်ကို ခန့်မှန်းနိုင်ပါတယ်။ ပျမ်းမျှအားဖြင့်တော့ အမွှေးရှည်ဆင်တွေဟာ အသက် ၆၀ ခန့်အထိ နေနိုင်ကြပြီး သစ်သီး၊သစ်ဖုတွေကိုသာ စားသုံးကြပါတယ်။ 

https://s9.kh1.co/__image/w=600,h=397,q=100/fc/fcb69f0afd06b2650b3f1a9d9c29916ddcead367.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T