တစ်ချိန်တုန်းက လူနာတွေ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့ ဆေးရုံး

//s9.kh1.co/5f/5f927fdd9b373dab93b292498ae90df5c83676d8.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တောင်ကိုရီးယားနိုင်ငံ မှာရှိတဲ့ Gonjiam ဆေးရုံဟာ ကမ္ဘာပေါ်တွင် ကမ္ဘာ့ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ဆေးရုံအဖြစ် နာမည်ကြီးနေပါတယ်။ ဒီဆေးရုံကြီးရဲ့ နာမည်ကြီးနေရတဲ့ အကြောင်းရင်းကတော့ ဆေးရုံပေါ်တွင် လာရောက် ကုသနေတဲ့ လူနာတွေဟာ ထူးဆန်းစွာ သေဆုံးကုန်ကြပြီး ဆေးရုံဆင်းခွင့်ရခါနီး ဖြစ်တဲ့ လူနာတွေဟာလည်း လူမသိသူမသိ ပျောက်ဆုံးခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=600,h=400,q=100/c1/c1351073a36bf00522c5a646f6d6d888c6badca4.jpg
https://s9.kh1.co/__image/w=600,h=600,q=100/df/dfa0d3ad40b81dad68f8962629a958f93ca80c6d.jpg

အခုလို နာမည်ဆိုးတွေနဲ့ ကျော်ကြားလာတာကြောင့် ပျောက်ဆုံးသွားတဲ့ လူမမာတွေရဲ့ လူနာရှင်တွေက မကျေနပ်သဖြင့် တရားစွဲဆိုခဲ့ကြပါတယ်။ ဆေးရုံပိုင်ရှင်ဟာလည်း ပြည်ပနိုင်ငံတစ်ခုကို ထွက်ပြေးသွားခဲ့ရပြီး ဆေးရုံကိုလည်း ဖျက်သိမ်းခဲ့တာ၁၅နှစ်ရှိသွားပြီပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားအစိုးရတော့ ဆေးရုံကို သန့်ရှင်းမှုမရှိ၍ ပိတ်ခဲ့ရသည် ဟုဆိုခဲ့သော်လည်း တခြားအကြောင်းရင်းတွေရှိနေသေးတယ်လို့ ယုံကြည်နေကြသူတွေ လည်းရှိပါတယ်။ 

https://s9.kh1.co/__image/w=600,h=448,q=100/0a/0a8b0f1cbdb4dbb8affac9f1b26d229befee4e09.jpg
https://s9.kh1.co/__image/w=600,h=450,q=100/de/de2f73eea0f392674c2981beaa9ae7fafe8f9447.jpg

လူသူမရှိတဲ့ ဒီဆေးရုံကြီးဟာ တိတ်ဆိတ်လျက်ရှိနေပြီး ခြောက်ခြားဖွယ်နေရာ ကြီး တစ်ခု အဖြစ် ရှိလို့နေပါတယ်။ ဒီဆေးရုံကြီးကို လာရောက်လည်ပတ်သူတွေကလည်း တချို့ ကတော့ စူးစမ်းတဲ့ သဘောအနေနဲ့သာ လာကြသော်လည်း တချို့ကတော့ သရဲရှာဖွေရေး အဖြစ် လာရောက်ကြတာပဲ ဖြစ်ပါတယ်။  

https://s9.kh1.co/__image/w=600,h=389,q=100/73/73901c049591a62c7c3e5450f2728185f497ce16.jpg
https://s9.kh1.co/__image/w=600,h=400,q=100/dd/dd96f77e9819a0b0ca798def38dd783f8690106f.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T