တောရဲ့ဘုရင်လို့တင်စားခံရတဲ့ ခြင်္သေ့ထီးတွေဟာ ဦးခေါင်းတွင် မျက်နှာမှအပ အမွှေးရှည်များ လည်ဆံမွှေးများ ရှိခြင်းကြောင့် အလွန်ခန့်ငြားပီး ကြောက်ဖို့လည်းကောင်းပါတယ်။ ခြင်္သေ့အမများတွင်တော့ လည်ဆံမွှေးမရှိကာ အကောင်ငယ်သည်ဟုထင်ရသော်လည်း ခြင်္သေ့အထီးနီးပါး ခွန်အားဗလကောင်းမွန်ပါတယ်။ ခြင်္သေ့အထီးများ၏ အရောင်မှာ ရေညှိစိမ်းဝါ၀ါမျိုးဖြစ်ပီး လည်ဆံမွှေးမှာ အရောင်ပိုရင့်လျက် နီကြန့်ကြန့်အရောင်မျိုးရှိပါတယ်။
အရွယ်အစားမှာ ပုခုံးအထိလေးပေမြင့်ပီး နှာခေါင်းဖျားမှ အမြှီးဖျားအထိ (၁၀)နီးပါးရှိပါတယ်။ရင်အုပ်မှာကျယ်လှပီး ခါးအနည်းငယ်သိမ်ပါတယ်။ ခြင်္သေ့တွင် ကြီးမားသော ရှေ့လက်များရှိပီး ထိုလက်များဖြင့် ပုတ်ခတ်ရုံနှင့်ပင် နွား၏ဦးခေါင်းခွံကို ကွဲစေနိုင်ပါသည်။ ကြောင်ကကြွက်ကို ကိုက်ချီသည့်အလား နွားသိုးတစ်ကောင်ကို အလွယ်တကူကိုက်ချီနိုင်လောက်အောင် အင်အားကြီးလှပါတယ်။
ခြင်္သေ့မများမှာ တစ်ကြိမ်မွှေးလျှင် နှစ်ကောင်၊သုံးကောင်လောက်ကိုသာ မွေးပီး ခြင်္သေ့အထီးများမှာ ထိုသားပေါက်ကလေးများကို စားပစ်တတ်သဖြင့် ခြင်္သေ့အမများက အထီးများ အနားသို့မလာနိုင်အောင် အလစ်မပေးပဲ တတ်နိုင်သမျှတားမြစ်တတ်ကြပါတယ်။အထီးကလေးများမှာ သုံးနှစ်ခန့်တွင် လည်ဆံမွှေးရှည်လာပီး ငါးနှစ်အရွယ်သို့ရောက်သောအခါ မိခင်၊ဖခင်တို့နှင့်အတူ အမဲလိုက်ကြပါတယ်။
ခြင်္သေ့၏သက်တမ်းမှာ ပျမ်းမျှ (၄၅) နှစ်သာနေနိုင်ကြပါတယ်။ ခြင်္သေ့များမှာ မိသားစုအလိုက်နေတတ်ကြပီး မေ့ဆေးသေနတ်များ မပေါ်ခင်အချိန်အထိ ခြင်္သေ့အကောင်ကြီးများကို အရှင်ဖမ်းရန်အလွန်ခက်ခဲ ခဲ့ပါတယ်။အကြောင်းက အလစ်မှာဖမ်းဆီးနိုင်အောင်လည်း သတိလက်လွတ် အိပ်စက်မနေတတ်ကြပါဘူး။ယခုအခါမှာတော့ ဟိမဝန္ထာတောင်တန်းဒေသများမှာ သိပ်မတွေ့ရတော့ပဲ အာဖရိကတိုက်မှာသာ ခြင်္သေ့များကိုတွေ့နိုင်ပါတော့တယ်။
သတင်း အရင်းအမြစ်៖ Sixth Sense