အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲကို အာဖဂန်နစ္စတန်နိုင်ငံက မိန်းကလေး(၆)ဦးအဖွဲ့ဟာ ဝင်ရောက်ယှဉ်ပြိုင်နေပြီးဖြစ်ကြောင်း ABC News မှာ ဖော်ပြထားပါတယ်။ 

အဆိုပါ စက်ရုပ်ပြိုင်ပွဲမှာ အာဖဂန်နစ္စတန်နိုင်ငံက မိန်းကလေး(၆)ဦးအဖွဲ့ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ဗီဇာအခက်အခဲကို သမ္မတထရမ့်က ဝင်ရောက်ဖြေရှင်းပေးခဲ့ပြီးနောက် အခုလို ပြိုင်ပွဲကို တက်ရောက်လာကြတာဖြစ်ပါတယ်။ 

အာဖဂန်မိန်းကလေးအဖွဲ့ဟာ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ (၂)ကြိမ်တိတိ ဗီဇာ ပယ်ချခံခဲ့ရပါတယ်။၀ါရှင်တန်မှာ(၃)ရက်ကြာ ပြုလုပ်ကျင်းပနေတဲ့ FIRST Global Challenge ဆိုတဲ့အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲ နိုင်ငံပေါင်း(၁၅၀)က ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။

Aung  

သတင်းအရင်းမြစ် ABC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။