အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူ့ရဲ့မင်္ဂလာပွဲကို ဖျက်သိမ်းပြီး မင်္ဂလာအခမ်းအနား စီစဉ်ထားတဲ့ ဟိုတယ်မှာ အိမ်ခြေမဲ့တွေကို ကျွေးမွေးလှူဒါန်းလိုက်ကြောင်းDaily Mail မှာဖော်ပြထားပါတယ်။ 

အမေရိကန်နိုင်ငံသူ ဆာရပ် ခမ်းမင်းစ်အမည်ရှိ အမျိုးသမီးဟာ အင်ဒီယာနာပြည်နယ် ကာမဲလ်မြို့ရှိ ရစ်ဇ် ချားလ်စ် Ritz Charles ဟိုတယ်မှာ အမေရိကန်ဒေါ်လာ (၃)သောင်းအကုန်အကျခံပြီး မင်္ဂလာအခမ်းအနားကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ မင်္ဂလာပွဲကျင်းပဖို့ ရက်မတိုင်မီ တစ်ပတ်အလိုမှာ ပွဲကို ဖျက်သိမ်းခဲ့ပြီး ပွဲဖျက်ရတဲ့ အကြောင်းရင်းကိုတော့ ဆာရပ် ခမ်းမင်းစ်က ထုတ်ပြန် ပြောကြားထားခြင်းမရှိပါဘူး။ 

အဆိုပါပွဲဖျက်ပြီးနောက် ပြည်နယ်အတွင်းက အိမ်ခြေမဲ့တွေ ယာယီနေထိုင်တဲ့ နေရာတွေကို ဆက်သွယ်ခဲ့ပြီး ဘတ်စ်ကားနဲ့ သွားရောက်ခေါ်ဆောင်ကာ ဟိုတယ်မှာ ကျွေးမွေးလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲအတွက် ငွေကြေးအများအပြား ထည့်ဝင်ထားတဲ့ သတို့သား လိုဂန် အရဂျ်Logan Araujကလည်း ခမ်းမင်းစ် ဘက်က လှူဒါန်းဖို့ ပြောကြားချက်ကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

Aung

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။