၂၄နာရီလုံး မိုးကြိုးပစ်နေတယ်လို့ထင်ရအောင် ကြောက်မက်ဖွယ်ကောင်းလှတဲ့ နေရာ

//s9.kh1.co/60/609195e28f09a380b009fabf56898dfb6d9a8abd.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကောင်းကင်ပေါ်ကနေ ကြောက်မက်ဖွယ် ကောင်းလှတဲ့ အသံကြီးတွေနဲ့ မြည်ဟီးပြီး ပစ်ချလိုက်တဲ့ မိုးကြိုးကို လူတော်တော်များများ မြင်ဖူးကြမှာပါ။ ဒီလို မိုးကြိုးတွေကို လက်တွေ့မှာ နဖူးတွေ့ ဒူးတွေ့ တွေ့ဖူးတဲ့ သူတွေကတော့ အလွန် အင်မတန်နည်းပါးလှပါတယ်။ ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အရောင်စုံလင်လှတဲ့ မိုးကြိုးတွေ အကြောင်း ဖော်ပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=600,h=341,q=100/28/28c5f9628c42973f01dfda2e80f10214b6390cfc.jpg
https://s9.kh1.co/__image/w=600,h=232,q=100/48/48c7d9064a590b7a96c2275ae7e513ac743f0715.jpg

ဒီလို အရောင်စုံလင်းလှတဲ့ မိုးကြိုးတွေ ဖြစ်ပေါ်နေတဲ့ အရပ်ကတော့ ဗင်နီဇွဲလားနိုင်ငံမှာ ရှိတဲ့ Catatumbo လို့ အမည်ရှိ မြစ်တစ်စင်းမှာပဲ ဖြစ်ပါတယ်။ အဆိုပါ မြစ်စီးဆင်းတဲ့ ပတ်ဝန်းကျင်မှာ မုန်တိုင်းငယ်တွေဟာ တစ်နှစ်မှာ အကြိမ် ၁၀၀ ကျော်ဖြစ်ပေါ်လေ့ရှိပြီး မုန်တိုင်းတစ်ခါကျတိုင်း ၁၀ နာရီလောက်တောင် ကြာမြင့်ပါတယ်။ တော်တော်ကိုကြာတဲ့အချိန်အတိုင်းအတာတစ်ခုဖြစ်ပြီး တော်တော်လဲ ကြောက်ဖို့ကောင်းပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/e0/e001ab2e7ec0223ff43396f475a73a19f173a366.jpg
https://s9.kh1.co/__image/w=600,h=749,q=100/a1/a14692f6c54f2bf4abe7aa3a782e107740ee8b38.jpg

မုန်တိုင်းကျနေစဉ်မှာ တစ်နာရီအတွင်းကို အကြိမ်၂၀၀ ကျော် လောက်တောင် လျှပ်စီးတွေက အဆက်မပြတ် လက်နေပါတယ်။ ဒါပေမယ့် ထူးဆန်းတာက လျှပ်စီးတွေဟာ ကောင်းကင်ပေါ်မှာရှိတဲ့ တိမ်ရဲ့ အရောင်တွေနဲ့ ပေါင်းပီး လှပတဲ့ လျှပ်စီးအရောင်တွေ ဖြစ်သွားပါတယ်။ ဒီလို ထူးဆန်းတဲ့ လျှပ်စီး အရောင်တွေကို ပရိသတ်ကြီးအတွက် ဗဟုသုတရစေရန်အတွက် ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/ba/bac5d10d6824cda87dbdf2b6c7a73646c2c72a2b.jpg
https://s9.kh1.co/__image/w=600,h=401,q=100/e8/e83476edcfcb8b953bbbf7e57a5e7dcfc51bd65b.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T