ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာဖော်ပြပေးချင်တာကတော့ ကမ္ဘာပေးမှာ ထူးခြားဆန်းကြယ်မှုများစွာထဲမှာမှ သဘာဝနယ်လွန်လို့တောင် ပြောလို့ရတဲ့ ထူးဆန်းသော မှိုပင်အကြောင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးဆန်းပုံကတော့ လူသေကို မြှုပ်နှံထားတဲ့ နေရာမှာ ပေါက်ရောက်လာမှိုပင် ဖြစ်ပြီး အခြားမှိုပင်တွေနဲ့ မတူပဲ ပုံပန်းသဏ္ဍာန်က အတော်လေးကို ကွဲလွဲလှပါတယ်။ ဘယ်လိုပုံမျိုးလဲဆိုတာကတော့ ဖော်ပြထားတဲ့ ပုံတွေကိုသာ ကြည့်ရှုကြည့်လိုက်ပါ ပရိသတ်ကြီးရေ။
ဒါ့အပြင် ထို မှိုကိုစားမိလိုက်ပါက ဦးနှောက်အတွင်းရှိ အာရုံကြောတွေကို ချို့ယွင်းသွားစေပြီး စိတ်ထင်ယောင် ထင်မှားဖြစ်ကာ မမြင်ရတဲ့ အရာတွေကို မြင်သလိုခံစားရပြီး ကယောင်ကတန်းဖြစ်ကာ သေဆုံးနိုင်တယ်လို့ သိရပါတယ်။ ဒါ့ပြင် တချို့သူတွေရဲ့ အဆိုအရ အဆိုပါ မှိုကို ညဖက်မှာ မြင်တွေ့ယုံနဲ့တင် စိတ်အာရုံကို ခြောက်ခြားသွားစေနိုင်တယ်လို့တောင် ပြောကြပါတယ်။
ဒီလို အဖြစ်အပျက်တွေဟာ သိပ္ပံနည်းနဲ့ အဖြေရှာကြည့်ရင်တော့ ယုတ္တိကျတဲ့ အဖြေတစ်ခု ထွက်လာနိုင်မှာပဲ ဖြစ်ပါတယ်။ တချို့သော သဘာဝနယ်လွန် ဖြစ်ရပ်တွေဟာ တစ်ကယ်ရှိပေမယ့်လည်း လူတစ်ချို့ရဲ့ ပုံကြီးချဲ့စကားတွေကြောင့် အခြားသူတွေအတွက် ဒါဟာ ရယ်ဟစရာကြီးတစ်ခုလို ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်လို ဖြစ်ရပ်မျိုးကို မဆို မိမိအတွေးနဲ့ စဉ်းစားသုံးသပ်ပြီးမှသာ ယုံကြပါလို့ အကြံပေးလိုက်ပါရစေ။
သတင်း အရင်းအမြစ်៖ Mirror