သင့်တင့်တဲ့စျေးနှုန်းနဲ့အရည်အသွေးကောင်းစမတ်ဖုန်းတစ်လုံးဝယ်ဖို့ဆိုရင်တော့ဒီစမတ်ဖုန်းကသင့်တော်လှပါတယ်။ကောင်းကောင်းအသုံးပြုနိုင်တဲ့ စျေးနှုန်းအလယ်အလတ်တန်းစား ဖုန်းဖြစ်ပါတယ်။ ဖုန်းတွင်းအားပမာဏတော်တော်လေး မြင့်မားတဲ့ ဘက်ထရီကို အသုံးပြုထားတာ တွေ့ရပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ မြင်ကွင်းမျိုးကို ဖန်တီးထားပြီး ကိုယ်ထည်တစ်ခုလုံးကိုလည်း သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ၆.၄၄ လက်မရှိတဲ့ မျက်နှာပြင်ဖုန်းအမျိုးအစားပါ။ Dual Sim ဆိုပေမယ့် မှတ်ဉာဏ်ထပ်တိုးမယ်ဆိုရင်တော့ Sim Card တစ်ကတ်ပဲ သုံးလို့ရမှာပါ။နည်းပညာပိုင်းမှာတော့ MIUI 8 ရဲ့ နည်းစနစ်တွေကို ထိတွေ့နိုင်မှာဖြစ်ပါတယ်။
ဘက်ထရီအားသွင်းမြန်ဆန်တဲ့ Fast battery charging (Quick Charge 3.0) စနစ်ကိုလည်း ဒီဖုန်းမှာမြင်တွေ့ရမှာပါ။အရည်အသွေး ကောင်းမွန်တဲ့အပြင် ဖုန်းမှာအသုံးပြုထားတဲ့ CPU, GPU, Memory, Camera အစရှိတဲ့ အစိတ်အပိုင်းတွေမှာလည်း ကောင်းမွန်တာတွေရလို့ မိတ်ဆက်တင်ပြလိုက်ပါတယ်။
Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano & Micro Sim Dual Standby)
OS – Android OS, v7.1.1
CPU – Octa-core 2.0 GHz Cortex-A53
GPU – Adreno 506
Memory – Internal 64GB, 4GB RAM, Micro SD 256GB
Camera – 12 MP, f/2.2, phase detection autofocus, dual-LED (dual tone) flash, 1/2.9″ sensor size, 1.25 µm pixel size, geo-tagging, touch focus, face detection, HDR, panorama, Video, Secondary 5 MP, f/2.0
Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-FiDirect, DLNA, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 5300 mAh Battery
Aung
သတင်းအရင်းမြစ် GSMARENA
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။